Friday, November 28, 2014

SkinnyMint Teatox

ခန္ဓာကိုယ်ပိန်သွယ်ချင်သူများနှင့် ဗိုက်သားကို အဆီကျ ချပ်ရပ်ချင်သူများအတွက် နည်းလမ်းကောင်းလေးတစ်ခုကို ညွှန်းလိုက်ပါရစေရှင်။

အဲဒါကတော့ လက်ဖက်ရည်ကြမ်းသောက်သလိုမျိုး မနက်နဲ့ ညတွေမှာ သောက်သုံးရမယ့် teatox teabag လေးပဲ ဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို သန့်စင်ဖယ်ရှားပေးပြီး အကျိုးသက်ရောက်မှုရှိစေတဲ့ သဘာဝနည်းလမ်းကောင်းလေးပါ။ ပြီးတော့ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဒီ teatox tea ကို သောက်သုံးနေစဉ်အတွင်း အစားရှောင်စရာမလိုပါဘူး။ ပုံမှန်အတိုင်း စားသုံးပေးလို့ ရပါတယ်။ မနက်အတွက်ဆိုရင် morning boost tea အထုပ်ကို သောက်သုံးရမှာဖြစ်ပြီး ညဘက်အတွက် night cleanse tea ကို သောက်သုံးပေးရပါမယ်။ night cleanse tea ကို ၂ ည တစ်ခါ သောက်ပေးရမှာဖြစ်သလို သင့်ရဲ့ teatox စစချင်းရက်ရဲ့ ညမှာ သောက်ပေးရမှာပါ။ အဆီမြန်မြန်ကျချင်သူများကတော့ ပုံမှန်လေ့ကျင့်ခန်းပါ တွဲလုပ်သွားရင် ပိုထိရောက်ပါတယ်ရှင်။

Teatox program ၂ ခုကတော့ ၁၄ ရက်စာ teatox နဲ့ ၂၈ ရက်စာ teatox ဆိုပြီးရှိပါတယ်။ ၁၄ ရက်စာကတော့ စတင်သောက်သုံးသူများအတွက်ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိလို့ စိတ်ချလက်ချ ၀ယ်ယူသောက်သုံးနိုင်ပါသည်ရှင်။ ၁၄ ရက်စာ အထုပ်ထဲမှာ မနက်ပိုင်း သောက်ဖို့ Morning boost ၁၄ ထုပ်မှာ ပါမှာဖြစ်ပြီး ညပိုင်း သောက်ဖို့ Night Cleanse ၇ ထုပ် ပါရှိပါမယ်။ ၂၈ ရက်စာ အထုပ်ထဲမှာဆိုရင် မနက်ပိုင်း သောက်ဖို့ Morning boost ၂၈ ထုပ်မှာ ပါမှာဖြစ်ပြီး ညပိုင်း သောက်ဖို့ Night Cleanse ၁၄ ထုပ် ပါဝင်ပါမယ်။ 

Morning Boost teatox မှာပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ Green Tea, Yerba Mate, Nettle Leaves, Dandelion, Guarana Fruit, Grapefruit leaves, Strawberries နဲ့ Pineapples တို့ပါဝင်ပါတယ်။ Night Cleanse teatox မှာပါတဲ့ ပါဝင်ပစ္စည်းတွေကတော့ Ginger Root, Orange Leaves, Lemongrass, Senna Leaves, Peppermint, Licorice Root, Hawthorn Berries နဲ့ Psyllium Husk တို့ပါဝင်ပါတယ်ရှင်။ Morning Boost ကို မနက်စာ စားအပြီးမှာ သောက်သုံးနိုင်သလို Night Cleanse ကို ညစာစားပြီး အိပ်ရာမ၀င်ခင်မှာ သောက်သုံးနိုင်ပါတယ်ရှင်။

မြတ်ရဲ့ အတွေ့အကြုံကို ပြောရမယ်ဆိုရင် မြတ်သောက်တာ ၁၄ ရက်စာတစ်ထုပ်တော့ ကုန်သွားပြီ။ မသောက်ခင် ဓာတ်ပုံရိုက်ထားလိုက်သေးတယ်။ အဲ့ဒါမှ သောက်ပြီး ဘာထူးခြားလဲ ဆိုတာ သိမှာလေ။ မသောက်သုံးမီနဲ့ သောက်သုံးပြီး ကွာခြားချက်ကတော့ မြတ်ရဲ့ ခါးမှာ waistline ကို ကောင်းကောင်းမြင်ရပြီး အဆီတွေ တော်တော်လေး ကျသွားပါတယ်။ အမျိုးသမီးတော်တော်များများမှာ သူတို့ရဲ့ အဆီပိုတွေက ၀မ်းဗိုက်မှာ သွားစုနေတတ်ပါတယ်။ ဒီ teatox ရဲ့ အဓိက ကောင်းကျိုးကလည်း အဆီပိုတွေကို လောင်ကျွမ်းစေပြီး ဗိုက်ပူဖောင်းကားတာကို လျော့ကျစေခြင်းပါ။ 

SkinnyMint teatox ဟာ ဂျာမနီနိုင်ငံထုတ်ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် ထုပ်ပိုးပါသည်။ 

မှတ်ချက်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးနို့တိုက်ကျွေးသူများ မသောက်သုံးသင့်ပါ။

ကျန်းမာပျော်ရွှင်ပြီး အလှတွေ တိုးနိုင်ပါစေရှင်။ 
ဝယ်ယူချင်သူများ ဒီလင့်ခ် မှာ မှာယူနိုင်ပါတယ်။

Saturday, November 15, 2014

What Is Noni Juice?

ရွက်ယိုသီးဆိုတာ ဘယ်လိုအသီးမျိုးလဲ? ရွက်ယိုသီးဖျော်ရည်ကိုသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးကို သိချင်ရင်တော့ ...........

မြန်မာလိုခေါ်ဝေါ်တဲ့ ရွက်ယိုသီးကို အင်္ဂလိပ်လို Noni Juice လို့ခေါ်ကြတယ်။ Noni Juice ဆိုတဲ့နာမည်ဟာ အရှေ့တောင်အာရှ၊ သြစတေးလျ နဲ့ Caribbean တို့မှာ ပေါက်ရောက်တဲ့ Morinda Citrifolia Fruit ကနေ ရရှိခဲ့တဲ့ နာမည်ပါ။ အများအားဖြင့် "Great Morinda" လို့ သိကြပါတယ်။ နောက်ပြီး အိန္ဒိယမှာဆိုရင် "Indian Mulberry, Nunaakai" ၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာဆိုရင် "Mengkudu" ၊ ဖိလစ်ပိုင်မှာ "Apadot" ၊ ဘာလီမှာ "Kumuda" ၊ ဂျာဗားကျွန်းမှာ "Pace" ၊ ဟာဝိုင်ယီမှာ "Beach Mulberry, Cheese Fruit or Noni" လို့ အသီးသီးခေါ်ကြတယ်။


ရွက်ယိုသီးဟာ အသီးစစသီးချင်းမှာ အစိမ်းရောင် ဖြစ်ပြီး မှည့်လာတဲ့အခါ အ၀ါရောင်ဘက်ကို ပြောင်းသွားပါတယ်။ ရွက်ယိုသီးကို နာမည်ပြောင်အနေနဲ့ “The Tree For Headaches” or “The Painkiller Tree” လို့လည်း ခေါ်ကြပါသေးတယ်။ ရွက်ယိုသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခြင်း၊ ကိုလက်စထရောကို လျော့ကျစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြင့်တတ်စေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။

ဘာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသလဲဆိုတော့ သူ့ကို သောက်သုံးလိုက်တဲ့အခါ သူက ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အက်ဆစ်ကို ထုတ်ပေးပါတယ်။ ကြွက်သားတွေဟာ လှုပ်ရှားလာပြီး ခန္ဓာကိုယ်အတွင်းမှာ အစာခြေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်တဲ့ ဓာတုဖြစ်စဉ်အစုစုကို လုပ်ဆောင်ပါတယ်။ နိုက်ထရစ်အက်ဆစ်တွေက ၎င်းဖြစ်စဉ်ထဲမှာ ပါဝင်နေပါတယ်။ နိုက်ထရစ်အက်ဆစ်က ကြွက်သားများလှုပ်ရှားဖို့အတွက် မတူညီသော အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ဆွပေးပြီး ရင်းမြစ်များအနက် တစ်ခုကတော့ ခန္ဓာကိုယ်ထဲမှ Fat Cells တွေက ဖြစ်ပါတယ်။ ၎င်းအက်ဆစ်တွေက အဆီဆဲလ်ထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့ Triglycerides (ဂလစ်စရောနဲ့ fatty acid သုံးမျိုး)ကို လျော့ကျစေခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်လျော့ကျရခြင်း ဖြစ်ပါတယ်။


ရွက်ယိုသီးဖျော်ရည်ရဲ့အရသာဟာ ခါးသက်ပြီး အနံ့ကလည်း ဆိုးပါတယ်။ ဒါကြောင့် ရွက်ယိုသီးဖျော်ရည်ကို သောက်သုံးတော့မယ်ဆိုရင် စပျစ်သီးဖျော်ရည် သို့ အခြားသောဖျော်ရည်များနဲ့လည်း ရောစပ်၍ သောက်သုံးနိုင်ပါတယ်။ ဒါဆိုရင် အရသာနဲ့ အနံ့က အရင်လို မဆိုးရွားနိုင်တော့ဘူးပေါ့။ အာနိသင်အတွက်ကတော့ ရွယ်ယိုသီးဖျော်ရည်ချည်းပဲ သက်သက်သောက်သုံးခြင်းက အခြားဖျော်ရည်များနဲ့ ရောစပ်ပြီး သောက်သုံးခြင်းထက် ပိုမို ထိရောက်ပါတယ်။ သီတင်းပတ် ၃ ပတ်လောက် ကြာအောင် သောက်သုံးပြီးချိန်မှာတော့ အာနိသင်ကို စတင်တွေ့ရှိလာမှာပါ။

ရွက်ယိုသီးဖျော်ရည်ချည်းပဲ သီးသန့်သောက်သုံးသူတွေအတွက် နည်းစနစ်ကတော့ -
1 tablespoon every other day for 6 weeks, then
1 tablespoon per week for 6 months, then
1 tablespoon once per month
1/2 hour before a meal or 1 hour after a meal
ထိုနည်းစနစ်အတိုင်း သောက်သုံးသွားနိုင်ပါတယ်ရှင်။

မြတ်လည်း သောက်ကြည့်ရင် ကောင်းမလားလို့ ဒါပေမယ့် ခါးတယ်ဆိုတော့ သောက်ရမှာ နည်းနည်းတော့ လန့်တယ် :D အသားအရေအတွက်လည်း ကောင်းတယ်လို့ ပြောထားသေးတယ်
သြစတေးလျက ထုတ်တဲ့ KORA Organics မှာ ရွက်ယိုသီးကို အသုံးပြုထားတာ ရှိပါတယ် စိတ်ဝင်စားရင်တော့ ဒီလင့်ခ်လေးကို သွားရောက်ကြည့်ရှုပါနော်။
သောက်ဖူးသူများရှိရင် အတွေ့အကြုံလေးကို ပြောပြပေးပါဦးရှင်

Sunday, November 9, 2014

ငါးထမင်းနယ်နဲ့ Salmon ငါးဟင်းချို

မြတ် မနေ့က ငါးထမင်းနယ်နဲ့ salmon ငါးဟင်းချိုကို လုပ်စားဖြစ်ပါတယ်။ ပထမတစ်ခါလုပ်တုန်းက မတင်ဖြစ်လိုက်လို့ အခု ဒုတိယအကြိမ်လုပ်တော့ ပို့စ်ရေးဖို့အတွက် မှတ်မှတ်ရရ တင်လိုက်တာပါ။

မြတ်လုပ်ဖြစ်ခဲ့တဲ့နည်းအတိုင်းပဲ ပြောပြမယ်နော်။ ပါဝင်တဲ့ အမယ်ကတော့ သူများတွေလို စုံချင်မှစုံမယ်ရှင့် ကိုယ်သိသလောက် တတ်သလောက်လုပ်ထားတာဆိုတော့ အားပေးပါဦးနော်။
ငါးထမင်းနယ်လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေက
- ငါး (လိုသလောက်ထည့်ပါ)
- အာလူး၊ ခရမ်းချဉ်သီး
- ဆီချက် (ကြက်သွန်နီ သို့ ဖြူ  မိမိကြိုက်ရာနဲ့ ဆီကို ချက်နိုင်ပါသည်)
- နံနံပင်
- ဆား၊ ကြက်သားမှုန့် (အနည်းငယ်)
- ဂျူးမြစ်၊ ငရုတ်သီးကြော်(မိမိနှစ်သက်ပါက တွဲဖက်စားသုံးနိုင်ပါသည်။ မြတ်မှာတော့ မရှိလို့ မထည့်ဖြစ်လိုက်ပါ :D)

လုပ်နည်းကတော့ အာလူးကိုအရင်ပြုတ်ပြီး အအေးခံထားပါ။ ပြီးရင် ငါးကို ရေအနည်းငယ်နဲ့ မြုပ်အောင်ထည့်၍ ပြုတ်လိုက်ပါတယ်။ ငါးကိုလည်း အအေးခံထားတုန်း ခရမ်းချဉ်သီးကို ရေအနည်းငယ်မြုပ်ရုံ ပြုတ်ထားပါတယ်။ ခုနက အအေးခံထားတဲ့ အာလူးကိုနွှာပြီး ဓါးနဲ့ အပိုင်းသေးလေးတွေ ဖြစ်အောင်လှီးပါတယ်။ ခရမ်းချဉ်သီးတွေ နူးလာလျှင် အရိုးနွှင်ထားတဲ့ ငါးနဲ့ ပြန်လုံးချက်လိုက်ပါတယ်။ အားလုံးအဆင်သင့်ဖြစ်ရင် ချက်ပြီးသားထမင်းနဲ့ အာလူး၊ ငါးခရမ်းချဉ်သီးအနှစ်၊ ဆီချက်၊ ဆား၊ ကြက်သားမှုန့်တို့နဲ့ သမအောင်နယ်ပြီး အရသာရှိရှိ စားသုံးနိုင်ပါပြီရှင်။ လွယ်ကူရိုးရှင်းပြီး အချိန်တိုအတွင်းမှာ ပြုလုပ်နိုင်တဲ့ ငါးထမင်းနယ် ပါရှင်။

Salmon ငါးဟင်းချိုအတွက်က
- salmon ငါးအရိုး
- ပဲကြာဇံ
- မုန်လာဥနီ

ရေနွေးပွက်ပွက်ဆူလာရင် ပဲကြာဇံနဲ့ မုန်လာဥနီ ထည့်ပါ။ ဟင်းခါးဖြစ်အောင် မြတ်ကတော့ ဒီမှာဝယ်လို့ရတဲ့ အိမ့်စည်းစိမ်ဆိုတဲ့ ဟင်းခါးမှုန့်ထုပ်ကိုသုံးပါတယ်(cityhallကဆိုင်တွေမှာ ၀ယ်ယူလို့ရပါတယ်)။ ဟင်းခါးမှုန့်မရှိလျှင် ငရုတ်ကောင်း၊ ကြက်သွန်ဖြူ။ ဆားကို အသုံးပြုနိုင်ပါတယ်။ ပဲကြာဇံနဲ့ မုန်လာဥနီ အနေတော်နူးလာရင် salmon ငါးအရိုးများကို ထည့်ပါ။ အရသာအပေါ့အငန်မြည်း၍ အိုကေပြီဆိုရင် မီးပိတ်၍ ပန်းကန်ထဲထည့်ပြီး ငါးထမင်းနယ်နဲ့ တွဲဖက်စားသုံးနိုင်ပါပြီရှင်။ 
P.S. မြတ်ဟင်းချိုက အရည်နည်းသွားတယ် ဟိ.. :D
 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon