Monday, January 26, 2015

Toenail Art Designs

မိန်းကလေးအများစုက ခြေသည်းလက်သည်းလေးတွေ ဆိုးရတာ နှစ်သက်တာကြောင့် မြတ်လည်း သဘောကျနေတဲ့ ခြေသည်းဒီဇိုင်လေးတွေကို ပြပေးမယ်နော်။ ပြီးရင် အလွယ်ကူဆုံး အရိုးရှင်းဆုံးခြေသည်းဒီဇိုင်းတစ်ခုရဲ့ ဆိုးနည်းအဆင့်ဆင့်ကိုလည်း ဖော်ပြပေးသွားမှာပါရှင်။










Easy Toenail Design for Beginners

အဆင့် ၁။ ။ ပထမအဆင့်အနေဖြင့် သန့်ရှင်းထားတဲ့ ခြေသည်းတွေပေါ်မှာ Base coat ကို ဆိုးပါ။

အဆင့် ၂။ ။ သေးငယ်ပြီး ပါးလွှာတဲ့ စုတ်တံကို အဖြူရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး ခြေမပေါ်မှာ မျဉ်းကွေးပုံစံ ထောင့်ဖြတ်အတိုင်းဆွဲပါ။ 

အဆင့် ၃။ ။ ထောင့်ဖြတ်လိုင်းရဲ့ အပေါ်ဘက်ခြမ်းကို အဖြူရောင်လက်သည်းဆိုးဆေးပဲ ခြယ်ပါ။

အဆင့် ၄။ ။ အခြားသော ခြေချောင်းများကို နှစ်သက်ရာအရောင် ဆိုးနိုင်ပါတယ်။ ပုံမှာတော့ အပြာရောင်လေး ဆိုးထားတာပါ။

အဆင့် ၅။ ။ ခြေမမှာ ဆိုးထားတာ ခြောက်သွားပြီဆိုရင် အဖြူရောင်ပေါ်ကနေ အပြာရောင်(အခြားခြေချောင်းများတွင် ဆိုးထားသောအရောင်) အုပ်၍ဆိုးလိုက်ပါ။ 

အဆင့် ၆။ ။ ဆိုးဆေးများ အားလုံးခြောက်သွားရင် စုတ်တံအသေးလေးကို အနက်ရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး အစက်ငယ်လေးများကို ပုံပါအတိုင်း ဆွဲပေးပါ။


အဆင့် ၇။ ။ ကျန်နေတဲ့ ခြေချောင်းများကိုလည်း အနက်ရောင်အစက်ငယ်လေးတွေ ဆွဲပေးပါ။

အဆင့် ၈။ ။ အားလုံးပြီးသွားပြီးဆိုရင် ဆွဲထားတဲ့ ခြေသည်းဒီဇိုင်းလေး အချိန်ကြာကြာခံစေဖို့ အပေါ်ကနေ top coat လေးဆိုးပေးပါ။ ကဲ ခုဆိုရင် သင့်ရဲ့ခြေသည်းလေးက အရိုးရှင်းဆုံးဒီဇိုင်းလေးနဲ့ လှပပြီး တောက်ပနေမှာ အသေအချာပဲပေါ့။

Sunday, January 18, 2015

Dear, Remember Me????

မရောက်တာကြာပြီ မတွေ့တာကြာပြီ သတိရလိုက်တာ ဘလော့ခ်လေးရာ...

စိတ်မဆိုးပါနဲ့ ဘလော့ခ်လေးရယ်.. မွေးရပ်မြေကနေ ပြန်ရောက်တာ ခုမှ တစ်ပတ်ပဲ ရှိသေးတယ်။ ဒီဇင်ဘာမှာလည်း ပို့စ်တစ်ခုမှ မတင်ဖြစ်ဘူး။ အဲ့အတွက် ဆောဒီးးပါ :D
ဒီဇင်ဘာတုန်းကလည်း ပြန်ဖို့ ပြင်ဆင်ရ ၀ယ်ရခြမ်းရနဲ့မို့လို့ မအားလို့ စာမရေးဖြစ်ဘူး( ပျင်းတာလည်း ပါတယ်ပေါ့ ;) )။ ခုတော့ စာပြန်ရေးပါပြီနော် စိတ်မချိုးနဲ့ သိလား :*

နှစ်သစ်မှာ အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေရှင် နောက်ကျပေမယ့်လည်း မြတ်ရဲ့ ဆုတောင်းစကားလေးကို လက်ခံပေးပါနော် :)

မြတ် ရန်ကုန်ပြန်တုန်းက ပုဂံကို မိသားစုနဲ့ သွားလည်ဖြစ်တယ်။ အပြန် မန္တလေးဝင်တယ်။ အရမ်းလည်း ပျော်ခဲ့တယ်။ မိသားစုနဲ့ တစ်စုတစ်ဝေးတည်း ပြန်ဆုံရတာ ဘာနဲ့မှ လဲလို့မရတဲ့ အနှိုင်းမဲ့လက်ဆောင်တစ်ခုပဲ။ သွားခဲ့တဲ့နေရာလေးတွေကို ရိုက်ထားတဲ့ ပုံလေးတွေ တင်ပေးမယ်နော်။ စာက ရေးဖို့အဆင်သင့်မဖြစ်သေးလို့။ နောက်မှ ပိုစ့်အသစ်လေးတွေ တင်ပေးမယ်။ ခုတော့ ဓာတ်ပုံလေးပဲ အားပေးသွားပါဦးရှင်။








ဘယ်ပျောက်နေတာလဲလို့ မေးထားတဲ့ အစ်မမြတ်ကြည်ကိုလည်း သတိရပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်။  မြတ် ပြန်ရောက်လာပါပြီရှင့် :)
 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon