Sunday, July 6, 2014

Just Got Presents (◕‿◕✿)

¸.•♥•.¸¸.•♥• Have a nice Sunday!!! ¸.•♥•.¸¸.•♥•
ကြာသပတေးနေ့ညက မြတ်ဆီကို မြတ်တို့ကုမ္ပဏီရဲ့ သူဌေးမ ပို့လိုက်တဲ့ ပါဆယ်လေး ရောက်လာတယ်။ အဲ့မတိုင်ခင်ကတော့ သူ whatsapp နဲ့ မက်ဆေ့ခ်ျလှမ်းပို့တယ်။ အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်ပေါ့။ အဲ့အတွက် present ပို့လိုက်ပါမယ်။ လိပ်စာလေး ပေးပါဆိုလို့ မြတ်က အိမ်လိပ်စာ ပြန်ပို့လိုက်တယ်။ ပါဆယ်ရောက်လာတော့ ဖောက်ကြည့်လိုက်တာ cosmetics တွေ ဖြစ်နေတယ်။ တံဆိပ်ကလည်း ကိုယ်တစ်ခါမှ မကြားဖူးတဲ့ဟာ ဖြစ်နေရော။

အင်တာနက်မှာ လိုက်ကြည့်တော့မှာပဲ တွေ့ပါပြီ။ သူ့ကို ထုတ်တဲ့ company အမျိုးအစားက network marketing company ဖြစ်နေတယ်။ အဲ့ဒါက ဘယ်လိုပုံစံလဲဆိုတော့ ဒီ company မှာ member တွေဝင်လာအောင်ဆွယ်တယ်။ အဲ့ member တွေကတစ်ဆင့် သူတို့ အောက်မှာလည်း member တွေ ရှိလာအောင် ပြန်စည်းရုံးရတယ်။ အဲ့ဒီလို ဆင့်ပွားပြီး သွားတာကို network marketing company လို့ ခေါ်တယ်။

ကိုယ်တိုင်လည်း သုံး သူများကိုလည်း ၀ယ်ချင်လာအောင် ပြောပြီး သုံးခိုင်းတာပေါ့။ အဲ့အတွက် member တွေက အမှတ်တွေ တက်လာပြီး level တွေ မြင့်သွားတယ်။ မြတ် ထင်ရတာတော့ ဘော့စ်လည်း အဲ့လိုလုပ်ထားလို့လားပေါ့။ အဲ့ဒါကြောင့်မို့လို့ staff အတွက် အားလုံးပေါင်း S$280 ပဲ ကျတယ်။ ပုံမှန်ဆို ၄၀၀ ကျော်တယ်တဲ့။ network marketing company တွေက ထုတ်တဲ့ ပစ္စည်းအကုန်လုံးနီးပါးက သာမန်ထက် ဈေးလည်း ပိုကြီးတယ်။ သူ့ ၀က်ဆိုက်လိပ်စာက ဒီမှာ။ ပုံစံတူ နောက်ကုမ္ပဏီတစ်ခုလည်း မြတ်သိသေးတာ nuSkin တဲ့။


ဘယ်လောက်ထိတောင် ကောင်းလဲတော့ မြတ်လည်း မသိဘူး။ အခုထိတောင် မသုံးရသေးဘူး။ ဟိ သူဌေးမက ပြောတယ် သုံးပြီးရင် feedback ပေးပါတဲ့ ဘယ်လိုနေလဲဆိုတာကို။ ဘူးနှစ်ဘူးက serum ရယ် moisturizer ရယ် သောက်စရာ အရည်ထုတ်တွေရယ် ပါတယ်။ အထုတ်က တစ်ဘူးမှာ ၃၀ လောက်ပါတယ်။ အဲဒါလည်း မသောက်ရသေးဘူး။ xD


မြတ်ကတော့ ကုန်သွားရင်တောင် ထပ်ဝယ်သုံးမှာ ဟုတ်ဘူး။ ဈေးကြီးလို့ :P ။ nuskin ကတော့ ဆေးတွေလည်း ထုတ်တယ်။ အမျိုးအစားတွေကတော့ အစုံပဲ။ မြတ်ရဲ့ အစ်မ ၀မ်းကွဲတစ်ယောက်ကတော့ သူ့အမေ အတွက် ၀ယ်တိုက်သေးတယ်။ ဆေးနာမည်က ageLOC R²။ အာနိသင်ကတော့ တော်တော်ကောင်းတယ်။ သူလည်း ဈေးကြီးတာပဲ :)
ပရိသတ်ကြီလည်း စိတ်ဝင်စားရင် စမ်းသုံးကြည့်ပေါ့နော်။ 

Bye Bye !!!

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon