Wednesday, March 25, 2015

ဗိုက်အဆီကျဖို့ ရိုးရှင်းသော လေ့ကျင့်ခန်းများ

ဗိုက်မှာ အဆီတွေ စုလာပြီဆိုရင် အမျိုးသမီးများအတွက် တော်တော်လေးကို ဒုက္ခရောက် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ မြတ်လည်း အခုတလော ၀ိတ်တက်လာလို့ ဗိုက်လည်း အဆီတွေပိုလာမှာ စိုးရိမ်တာနဲ့ လေ့ကျင့်ခန်းလုပ်မှပဲဆိုပြီး ကိုယ့်အတွက်ရော ဗိုက်မှာအဆီတွေစုနေတဲ့ အမျိုးသမီးများအတွက်ပါ ရည်ရွယ်ပြီး ဒီပို့စ်လေး ရေးလိုက်ပါတယ်ရှင်။

ဗိုက်အဆီတက်ခြင်းဟာ မျိုးရိုးနှင့် သက်ဆိုင်ခြင်း၊ ဟိုမုန်းဓာတ် မညီမျှခြင်း၊ အရက် ဘီယာသောက်သုံးခြင်း၊ စိတ်ဖိစီးမှုရှိခြင်း၊ သွေးလည်ပတ်မှုနှေးသူများ၊ ကျန်းမာရေးနှင့် မညီညွတ်သောအစားစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်းလှုပ်ရှားမှုမရှိခြင်း၊ အိပ်စက်ချိန် မလုံလောက်ခြင်းနှင့် အစားအသောက်ကို လွန်ကဲစွာ စားသုံးခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ဗိုက်အဆီကျဖို့အတွက် စားသုံးနိုင်တဲ့ အသီးအနှံ အစေ့တွေကတော့ ထောပတ်သီး၊ ပန်းသီး၊ နေကြာစေ့၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ၊ သခွားသီး၊ ဖရဲသီး၊ oatmeal၊ almond စေ့ နှင့် ပဲအမျိုးမျိုးတို့ကို စားနိုင်ပါတယ်။

ဗိုက်သားလေးတွေ ချပ်ရပ်ဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေကတော့ ပုံလေးထဲမှာ ပြထားတဲ့အတိုင်းပါပဲ။








လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း အနေအထားမှန်မှန်နဲ့ ယုံကြည်မှုရှိရှိ လုပ်မယ်ဆိုရင် မြန်မြန်ဆန်ဆန် အကျိုးထိရောက်မှာပါ။ စိတ်ပါဝင်စားစွာ သေသေချာချာလေး ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် ပျိုမေတို့လိုချင်တဲ့ ချပ်ရပ်လှပသော ဗိုက်လေးကို ပိုင်ဆိုင်နိုင်ပါတယ်ရှင်။

Thursday, March 12, 2015

Freestyle Casual Outfits

ဒီတစ်ခါ ပျိုမေတို့အတွက် ပေါ့ပေါ့ပါးပါးဝတ်လို့ရမယ့် အ၀တ်အစားဒီဇိုင်းလေးတွေကို ပြပေးမယ်နော်။ နွေရာသီမှာပါ ၀တ်ဆင်လို့ရမယ့် ဒီဇိုင်းလေးတွေလည်း ပါပါတယ်။ ပုံတွေများတော့ ဆိုဒ်ကနည်းနည်း တက်တာ နှေးမလားပဲ။ သည်းခံပြီးတော့ ပုံတက်လာတာ စောင့်ပြီး ကြည့်ပေးပါနော်။ မြတ်တင်ပေးထားတဲ့ ဒီဇိုင်းလေးတွေထဲက တစ်ခုပဲဖြစ်ဖြစ် နှစ်သက်တယ်ဆိုရင် ကျေနပ်ပါပြီရှင် :*

အများအားဖြင့် မြတ်ဝတ်တဲ့ ဒီဇိုင်းက ဒါမျိုးလေးပေါ့။ ရှပ်အကွက်လေးနဲ့ ဂျင်းဘောင်းဘီ အတွဲ

Denim Dress


ပေါ့ပါးပြီး လွတ်လပ်တဲ့ ဒီဇိုင်းလေး ခုနောက်ပိုင်း ဒီလိုမျိုးလေးတွေ ၀ယ်လာကြတယ်



Flower Playsuit Dress For Summer




Girly Orange Dress

ဒီလိုမျိုးဒီဇိုင်းလည်း မြတ်ကြိုက်တယ် Playsuit Dress

My Favorite Design


Boyfriend Jean With T-shirt



တစ်ချို့ဒီဇိုင်းလေးဆိုရင် ကိုယ့်ဘာသာကို ပိတ်စ၀ယ်ပြီး ချုပ်လို့ရတယ်။ ပြီးတော့ ကိုယ့်စိတ်ကူးလေးပါ ထပ်ပေါင်းပြီး ချုပ်လို့ရသေးတယ်။ မိမိလိုချင်တဲ့ဒီဇိုင်းက ဒီထဲမှာ မပါဘူးဆိုရင် ဒီဇိုင်းပုံစံလေးကို ကွန်မန့်ပေးခဲ့ပါရှင်။ မြတ် photo ရှာပေးပြီး ထပ်တင်ပေးပါ့မယ်။ ပျိုမေများအားလုံး အလှတိုးပြီး ကျန်းမာပျော်ရွှင်ပါစေနော် :)

Monday, January 26, 2015

Toenail Art Designs

မိန်းကလေးအများစုက ခြေသည်းလက်သည်းလေးတွေ ဆိုးရတာ နှစ်သက်တာကြောင့် မြတ်လည်း သဘောကျနေတဲ့ ခြေသည်းဒီဇိုင်လေးတွေကို ပြပေးမယ်နော်။ ပြီးရင် အလွယ်ကူဆုံး အရိုးရှင်းဆုံးခြေသည်းဒီဇိုင်းတစ်ခုရဲ့ ဆိုးနည်းအဆင့်ဆင့်ကိုလည်း ဖော်ပြပေးသွားမှာပါရှင်။










Easy Toenail Design for Beginners

အဆင့် ၁။ ။ ပထမအဆင့်အနေဖြင့် သန့်ရှင်းထားတဲ့ ခြေသည်းတွေပေါ်မှာ Base coat ကို ဆိုးပါ။

အဆင့် ၂။ ။ သေးငယ်ပြီး ပါးလွှာတဲ့ စုတ်တံကို အဖြူရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး ခြေမပေါ်မှာ မျဉ်းကွေးပုံစံ ထောင့်ဖြတ်အတိုင်းဆွဲပါ။ 

အဆင့် ၃။ ။ ထောင့်ဖြတ်လိုင်းရဲ့ အပေါ်ဘက်ခြမ်းကို အဖြူရောင်လက်သည်းဆိုးဆေးပဲ ခြယ်ပါ။

အဆင့် ၄။ ။ အခြားသော ခြေချောင်းများကို နှစ်သက်ရာအရောင် ဆိုးနိုင်ပါတယ်။ ပုံမှာတော့ အပြာရောင်လေး ဆိုးထားတာပါ။

အဆင့် ၅။ ။ ခြေမမှာ ဆိုးထားတာ ခြောက်သွားပြီဆိုရင် အဖြူရောင်ပေါ်ကနေ အပြာရောင်(အခြားခြေချောင်းများတွင် ဆိုးထားသောအရောင်) အုပ်၍ဆိုးလိုက်ပါ။ 

အဆင့် ၆။ ။ ဆိုးဆေးများ အားလုံးခြောက်သွားရင် စုတ်တံအသေးလေးကို အနက်ရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး အစက်ငယ်လေးများကို ပုံပါအတိုင်း ဆွဲပေးပါ။


အဆင့် ၇။ ။ ကျန်နေတဲ့ ခြေချောင်းများကိုလည်း အနက်ရောင်အစက်ငယ်လေးတွေ ဆွဲပေးပါ။

အဆင့် ၈။ ။ အားလုံးပြီးသွားပြီးဆိုရင် ဆွဲထားတဲ့ ခြေသည်းဒီဇိုင်းလေး အချိန်ကြာကြာခံစေဖို့ အပေါ်ကနေ top coat လေးဆိုးပေးပါ။ ကဲ ခုဆိုရင် သင့်ရဲ့ခြေသည်းလေးက အရိုးရှင်းဆုံးဒီဇိုင်းလေးနဲ့ လှပပြီး တောက်ပနေမှာ အသေအချာပဲပေါ့။

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon