Saturday, January 18, 2014

Singapore Botanic Garden ...........

ဒီပို့စ်ကတော့ နိုဘယ်လ် ၁ ရက်နေ့ ဇန်န၀ါရီ တုန်းက သွားခဲ့တဲ့ Singapore Botanic Garden မှာ ဘယ်လို လည်ခဲ့တယ်ဆိုတာ ပြောပြမယ်နော်။ အဲ့နေ့က နိုဘယ်လ် နေ့တ၀က်ရုံးတက်ရတယ်။ အစ်မ ၀မ်းကွဲရောက်နေတာနဲ့ သွားဖြစ်သွားတာ။ ရုံးဆင်းတာနဲ့ Bugis ကို အရင်သွားပြီး အဲ့မှာ နေ့လည်စာ စားတယ်။ ပြီးမှ ကားနှစ်ဆင့်စီးပြီး ဆက်သွားကြတယ်။ ပန်းဥယျာဉ်သွားမယ်ဆိုတော့ စိတ်က အလိုလိုကို ပျော်နေတာ။ ပြီးတော့ နိုဘယ်က သဘာဝ ရှုခင်းတွေကို ကြိုက်တယ်။ အ၀င်ဂိတ်ကနေတော့ လမ်းနည်းနည်း လျှောက်ရတာ။ ဒါပေမယ့်  ဘေးဘီတွေကို ဟိုကြည့်ဒီကြည့်နဲ့ဆိုတော့ မပင်ပန်းပါဘူး။ သစ်ခွပန်းကိုလည်း နိုဘယ်လ်က တအားကြိုက်တာ။ အဲဒါကြောင့် အများကြီး ရိုက်ခဲ့တယ်။ ဓာတ်ပုံလေးတွေကို ရှုစားပါဦးနော်။ :D

 လမ်းလျှောက်ပြီး သိပ်မကြာဘူး တွေ့တဲ့ ရေကန်လေး အဲ့ထဲမှာ ဗျိုင်းလေးတွေ ရှိတယ်

 အ၀ါရောင် ပန်းသစ်ခွပွင့်ကြီး

 ဘာပန်းလဲတော့ သိဘူး တွေ့လို့ ရိုက်လာတာ :P

 အဲ့လို သစ်ပင်ကိုင်းကိုင်းလေးတွေကို သဘောကျလို့

 Botanic Garden ထဲမှာမှ Orchid Garden ဆိုပြီး သပ်သပ်ရှိတယ်။ သူကတော့ ၀င်ကြေး ၅ ကျပ်ပေးရတယ်။

 သူ့ပုံစံလေးက မိန်းကလေးရဲ့ ဂါဝန်ကားကားလေး အတိုင်းပဲ

 ခရမ်းရောင် သစ်ခွပန်းလေး

 ပန်းရောင်ရင့်ရင့် သစ်ခွ နာမည်တွေလည်း မသိလို့ပါ :D

 ခရမ်းပြောက်ကျား သစ်ခွ

 သူလည်း ခရမ်းရောင်ပဲ

 အဖြူရောင် အပွင့်ကြီး သစ်ခွပန်း



 ခုနက အပေါ်မှာ အရင်ဆုံးတွေ့တဲ့ ကန်ထဲက ဗျိုင်းလေး 


 ဒီပန်းလေးကလည်း တစ်မျိုးပဲနော် ခုမှ မြင်ဖူးတာ



 ဖြူဖြူ ဆွတ်ဆွတ် သစ်ခွပန်းလေးတွေ





ဒီလိုပန်းတွေ ပြင်ဦးလွင်မှာဆို အဲ့ထက်တောင် ပိုစုံဦးမယ်။ ဒါပေမယ့် နိုဘယ်လ် ခုထိ ပြင်ဦးလွင်ဘက်ကို မရောက်ဖူးသေးလို့။ အဲဒါကြောင့် ခုမှ သစ်ခွပန်း များများကို မြင်ဖူးတယ်လို့ ပြောတာ။ သစ်ခွပန်းပုံလေးတွေကို ကြည့်ရတာ သဘောကျရဲ့လားနော်။ :)

Thanks all of you for reading to my blog!!!!!!!
 <3 <3 <3

Hello Little Prince!!!!!!!!!! ^_^

မင်္ဂလာပါနော်။ ဒီနေ့က မင်္ဂလာရှိတာတော့ အမှန်ပဲ။ နိုဘယ်လ့် ချစ်သူရဲ့ တူလေး မွေးတဲ့နေ့။ အစ်မ အကြီးဆုံးက မွေးတာလေ။ စနေသားဆိုတော့ စိတ်ကြီးမယ့်ပုံပဲ။ နိုဘယ်လ်ဆီကို သူ့ပုံလေး ပို့ထားတယ်။ နိုဘယ်လ်တို့ ကလေးလေးအတွက် ဆုတောင်း ပေးလိုက်ကြရအောင်နော်။ စနေသားလေး မွေးတဲ့နေ့မှ စပြီး ကျန်းမာပါစေ။ ချမ်းသာပါစေ။ အသက်ရှည်၍ အနာကင်းဝေးပါစေ။ မိဘနှစ်ပါးနှင့် လူကြီးသူမများကို ရိုသေလေးစားတတ်ပြီး ဘာသာနှင့် သာသာနာ့အကျိုးကို သယ်ပိုးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေနော်။ တီတီ နိုဘယ်က သားလေးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

ချစ်စရာကောင်းတဲ့ သားသားလေး


Have a nice weekend to all!!!!!!!!!!!!!!!!
^_^

Sunday, January 12, 2014

Feeling Loneliness

ဒီနေ့ကတော့ နိုဘယ်လ် ဘယ်မှ မသွားဖြစ်ဘူး။ ညနေကျရင်တော့ Junction 8 က NTUC ကို သွားပြီး တစ်ပတ်စာ ပစ္စည်းဝယ်ဖို့တော့ ရှိတယ်။ Shopping ကတော့ မနေ့က သူငယ်ချင်းနဲ့ သွားတယ်။ သူက နောက်တစ်ပတ်ဆို ရန်ကုန်ပြန်မှာဆိုတော့ ၀ယ်စရာလေးတွေ ရှိတယ်တဲ့ လိုက်ခဲ့ပေးပါနော်လို့ ပြောတာနဲ့ အပြင်ထွက်ဖြစ်သွားတာ။ သူငယ်ချင်းရဲ့ အသိ အစ်မတစ်ယောက်လည်း ပါတယ် သူလည်းပဲ ရန်ကုန်ပြန်မှာမို့လို့ အိတ်လိုက်ဝယ်တယ်။ နိုဘယ်လ်ရဲ့ သူငယ်ချင်းက Ang Mo Kio မှာနေတော့ သူနဲ့ နိုဘယ်လ်က တစ်မှတ်တိုင်ပဲ ကွာတယ်။ သူ့ ရထားအလာကို ချိန်ပြီး နိုဘယ်လ်က တတ်လိုက်သွားတာ။ အရင်ဆုံး City Hall ကို သွားပြီး နေ့လည်စာ ထမင်းစားတယ်။ ပြီးမှ သူ့အသိအစ်မကို ခေါ်ပြီး Citylink ကိုသွားကြတယ်။ သူငယ်ချင်းက သူ့အမေနဲ့ အဒေါ်အတွက် Charles & Keith က အိတ်တွေ လက်ဆောင်အဖြစ် ၀ယ်တယ်။ အဲ့ Brand ကလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၄ သောင်း ၅ သောင်းဝန်းကျင်လောက်တွေလေ။ သူတို့ တွေ အိတ်ဝယ်လို့ ပြီးတော့ နိုဘယ်လ်လည်း Levi's ဆိုင် တွေ့တာနဲ့ ၀င်ကြည့်လိုက်တယ်။ 


ဂျင်းဘောင်းဘီဆိုရင် သူ့ဆီက အများဆုံး ၀ယ်ဝတ်တယ်လေ။ အခုကလည်း ဂျင်းဘောင်းဘီ လိုနေတာနဲ့ အတော်ဖြစ်သွားတာ။ ပုံမှန်ဆို ၀ယ်ဖို့ စိတ်ကူးမရှိပါဘူး။ အခုဟာက New Year မှာ အိမ်ပြောင်းတုန်းက ၀တ်နေကျ ဂျင်းဘောင်းဘီ နှစ်ထည် ( Levi's တစ်ထည်နဲ့ Denizen တစ်ထည်) ကို မှားပြီး ပစ်တဲ့ အထဲ ပါသွားတာ( ငိုချင်လိုက်တာ အဟင့် ရွှတ် :(( ) အဲဒါနဲ့ တစ်ထည်ပဲ ကျန်ခဲ့တယ်။ တနင်္ဂနွေကမှ အပြီး ပြောင်းတာဆိုတော့ အိမ်အသစ်ရောက်မှ ငါ ဘာတွေ ကျန်ခဲ့သေးလဲ စဉ်းစားရင်း သွားပြီပေါ့ ပြန်ရဦးမလားဆိုပြီး အိမ်အဟောင်းဆီ တစ်ခေါက်ပြန်ပြေးလိုက်သေးတယ် ပစ်ထားတဲ့ နေရာ သွားရှာတာ မတွေ့တော့ပါဘူး ကောက်သွားလောက်ရောပေါ့( ဗြဲ ..) အဲဒါနဲ့ ညနေကျတော့ Junction 8 သွားပြီး Espirit က ဂျင်းဘောင်းဘီ တစ်ထည် သွားဝယ်လိုက်ရော။ ၆၉.၉၀ တဲ့ လျှော့ပါဦးလို့ ပြောတာနဲ့ ၁၀ ရာခိုင်နှုန်းလျှော့ပေးလိုက်တယ်။ အဲ့တော့ ၆၂ ကျပ် ကျော်ကျော်ပဲ ကျတော့တယ်။ ဟဲဟဲ... ဂျင်းဘောင်းဘီ နှစ်ထည်ကို တစ်ပတ်စာအတွက် လှည့်ဝတ်ပြီး ရုံးတက်လိုက်ရတာပေါ့။ (ဖြစ်ရမယ်ကွယ်.....) 
မနေ့ကလည်း ကြုံတာနဲ့ ၀ယ်မလားဆိုပြီး ၀င်ကြည့်တာ တစ်ထည်ကို 139 ဆိုတော့ များနေသလားလို့။ အရောင်းဝန်ထမ်းကတော့ ပြောတယ်။ တစ်ထည်ဝယ် တစ်ထည် free တဲ့၊ အဲ့လိုဆိုတော့ တန်သလားလို့။ 


သူငယ်ချင်းကိုလည်း မေးတော့ ၀ယ်လိုက် တန်တာပဲတဲ့။ အဲဒါနဲ့ နှစ်ထည်ဝယ်လာဖြစ်သွားတယ်။ ခုတော့ စိတ်ပူစရာမလိုတော့ဘူး။ ဂျင်းဘောင်းဘီ ၄ ထည်ဖြစ်သွားပြီ။ ဂျင်းက တစ်ခါဝယ်ပြီးသွားလည်း တော်တန်ရုံ ဘာမှ မဖြစ်တော့ အကြာကြီး ခံတယ်။ အဲဒါကြောင့်လည်း ကြိုက်တယ်။ ပြီးတာနဲ့ Bugis ကို ချီတတ်ကြတယ်။ KOI မှာ Shake ၀ယ်သောက်တယ်။ သောက်လို့ ကောင်းလို့ ကြိုက်တယ်။ နိုဘယ်လ်က Ice-cream Milk Tea သောက်တယ်။ ပြီးတော့ Bugis+ ထဲဝင် ဟိုကြည့်ဒီကြည့်၊ အဲ့ကနေမှ တစ်ဆင့် BHG ကို ကူး။ သူငယ်ချင်းရဲ့ အသိက Luggage ၀ယ်မယ်ဆိုလို့ Swiss Polo မှာကြည့်ပြီး ကြိုက်တာနဲ့ ၀ယ်တယ်။ နိုဘယ်လ်က ဖိနပ်လည်း ၀ယ်ချင်တာနဲ့ အောက်ထပ်မှာ ၀င်ကြည့်တယ်။ ဟိုဘက်ကနေ ဒီဘက်လျှောက်လာတယ် ကြည့်တယ် အကြိုက်မတွေ့ပြန်ဘူး ကိုယ်က ခြေထောက်လည်း ကြီးတော့ ဖိနပ် ၀ယ်ရင် ဂျီးများတယ်။ နောက်ဆုံးတော့ Sembonia က ဖိနပ်လေး ကြည့်လို့ မဆိုးပါဘူး ဆိုတာနဲ့ ၀ယ်လာလိုက်တယ်။ 


၆၇ တဲ့ ၂၀ ရာခိုင်နှုန်းရှိတော့ နည်းနည်း သက်သာသွားတယ်။ အဲဒါပြီးတာနဲ့ သူတို့ ၀ယ်စရာရှိတာဝယ်၊ MC Donald စားပြီးတော့ အိမ်ပြန်လာကြတယ်။ ခြေထောင်တွေလည်း ညောင်းရော... @_@ 
ခေါင်းစဉ်နဲ့တော့ သိပ်မကိုက်သလိုပဲနော် အမှန်တော့ တစ်ယောက်တည်း ပျင်းလွန်းလို့ ရေးလိုက်တာ
စာတော့ နည်းနည်း ရှည်သွားတယ် ... xD

Friday, January 10, 2014

Little Bunny

Happy New Year Bunny :)
ချစ်စရာလေးတွေနော် ယုန်လေးတွေတော့ မွေးချင်တယ် ဒါပေမယ့် သနားလည်း သနားတယ် xD


နိုဘယ်လ် သိရသလောက် ပြောပြရရင်တော့ Easter အကြောင်းပေါ့နော်။ အဲ့ ပွဲတော်ကို ကိုယ်စားပြုတာကတော့ ယုန်ပဲ။ ဒါပေမယ့် သူတို့တွေက နှာခေါင်းပိုချွန်ပြီး နားရွက် ပိုထောင်သလားလို့ :D ဒီမှာ ကြည့်ကြည့်လိုက်နော် သူလေးကို


Easter ပွဲတော်ကတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ပွဲတော်ပေါ့နော်။ အနောက်နိုင်ငံတွေကတော့ "Rebirth Of Jesus" ကို အမှတ်တရအနေနဲ့ နှစ်စဉ်နှစ်တိုင်း နွေဦးအချိန်မှာ ကျင်းပလေ့ရှိကြတယ်။ အဲဒီ့ Easter နေ့မှာဆိုရင် ခရစ်ယာန်ဘာသာဝင် တော်တော်များများက ဘုရားကျောင်းတတ်ပြီး ရှိခိုးဆုတောင်းကြတယ်၊ "Hymns" လို့ခေါ်တဲ့ ဘာသာရေးသီချင်းတွေ သီဆိုတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေ ရင်းနှီးတဲ့သူတွေကို Easter Greetings Cards တွေလည်း ပေးပို့ကြတယ်၊ နောက်ပြီး Easter Eggs တွေကို အရောင်မျိုးစုံလည်း ခြယ်သေးတယ်။ ပျော်ဖို့တော့ ကောင်းမယ်နော်။ နိုင်ငံတိုင်းကတော့ သူတို့ ဓလေ့ သူတို့ ရိုးရာပေါ့။ ဒါကတော့ နိုဘယ်လ် သိသလောက် ဘာသာပြန် ပြောပြတာပေါ့နော်။ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးပါရှင်။


ဖြူဆွတ်နေတာပဲ ချစ် ချစ်စရာလေး :*

Photo Copyright by Google :)

Thursday, January 9, 2014

First Day Of Blogger's Life

မင်္ဂလာပါရှင်။ ဒီနေ့ကတော့ ကျွန်မရဲ့ ဘလော့ခ်ဆိုက်ကို စတင်စမ်းသပ်တဲ့နေ့ပါပဲ။ တကယ်တော့ ကျွန်မက စာရေးတာကို အလွန်အမင်း စိတ်ဝင်စားတဲ့သူတော့ မဟုတ်ပါဘူး။ အမှန်အတိုင်း ၀န်ခံတာပါ။ တခြားသူတွေရဲ့ ဘလော့ခ်တွေကို ၀င်ဖတ်တယ်။ ရေးထားတာလေးတွေကို အရမ်း သဘောကျတာပဲ။ သြော် သူများတွေများ ရေးတတ်လိုက်ကြတာပေါ့။ ဘလော့ခ်ဂါ တွေရဲ့ ဆိုက်ကို ၀င်ဖတ်တယ်ဆိုတာ ကျွန်မအတွက် စိတ်အပန်းဖြေစရာလည်း ဖြစ်သလို ဗဟုသုတလည်း ရလို့ပါ။ ဒါကြောင့်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မအတွက် ဒီနေ့ဟာ ပထမဆုံး ဘလော့ခ်ပေါ် ခြေချတဲ့ နေ့ဖြစ်သလို နောက်များမှာတော့ ကျွန်မရဲ့ ပျော်မွေ့ဖွယ်ရာ ကောင်းကင်ဘုံလေး ဖြစ်လာနိုင်မလားဆိုတာကတော့ .....................
 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon