Sunday, July 6, 2014

Just Got Presents (◕‿◕✿)

¸.•♥•.¸¸.•♥• Have a nice Sunday!!! ¸.•♥•.¸¸.•♥•
ကြာသပတေးနေ့ညက မြတ်ဆီကို မြတ်တို့ကုမ္ပဏီရဲ့ သူဌေးမ ပို့လိုက်တဲ့ ပါဆယ်လေး ရောက်လာတယ်။ အဲ့မတိုင်ခင်ကတော့ သူ whatsapp နဲ့ မက်ဆေ့ခ်ျလှမ်းပို့တယ်။ အလုပ်ကြိုးစားတဲ့အတွက် ကျေးဇူးတင်ပါတယ်ပေါ့။ အဲ့အတွက် present ပို့လိုက်ပါမယ်။ လိပ်စာလေး ပေးပါဆိုလို့ မြတ်က အိမ်လိပ်စာ ပြန်ပို့လိုက်တယ်။ ပါဆယ်ရောက်လာတော့ ဖောက်ကြည့်လိုက်တာ cosmetics တွေ ဖြစ်နေတယ်။ တံဆိပ်ကလည်း ကိုယ်တစ်ခါမှ မကြားဖူးတဲ့ဟာ ဖြစ်နေရော။

အင်တာနက်မှာ လိုက်ကြည့်တော့မှာပဲ တွေ့ပါပြီ။ သူ့ကို ထုတ်တဲ့ company အမျိုးအစားက network marketing company ဖြစ်နေတယ်။ အဲ့ဒါက ဘယ်လိုပုံစံလဲဆိုတော့ ဒီ company မှာ member တွေဝင်လာအောင်ဆွယ်တယ်။ အဲ့ member တွေကတစ်ဆင့် သူတို့ အောက်မှာလည်း member တွေ ရှိလာအောင် ပြန်စည်းရုံးရတယ်။ အဲ့ဒီလို ဆင့်ပွားပြီး သွားတာကို network marketing company လို့ ခေါ်တယ်။

ကိုယ်တိုင်လည်း သုံး သူများကိုလည်း ၀ယ်ချင်လာအောင် ပြောပြီး သုံးခိုင်းတာပေါ့။ အဲ့အတွက် member တွေက အမှတ်တွေ တက်လာပြီး level တွေ မြင့်သွားတယ်။ မြတ် ထင်ရတာတော့ ဘော့စ်လည်း အဲ့လိုလုပ်ထားလို့လားပေါ့။ အဲ့ဒါကြောင့်မို့လို့ staff အတွက် အားလုံးပေါင်း S$280 ပဲ ကျတယ်။ ပုံမှန်ဆို ၄၀၀ ကျော်တယ်တဲ့။ network marketing company တွေက ထုတ်တဲ့ ပစ္စည်းအကုန်လုံးနီးပါးက သာမန်ထက် ဈေးလည်း ပိုကြီးတယ်။ သူ့ ၀က်ဆိုက်လိပ်စာက ဒီမှာ။ ပုံစံတူ နောက်ကုမ္ပဏီတစ်ခုလည်း မြတ်သိသေးတာ nuSkin တဲ့။


ဘယ်လောက်ထိတောင် ကောင်းလဲတော့ မြတ်လည်း မသိဘူး။ အခုထိတောင် မသုံးရသေးဘူး။ ဟိ သူဌေးမက ပြောတယ် သုံးပြီးရင် feedback ပေးပါတဲ့ ဘယ်လိုနေလဲဆိုတာကို။ ဘူးနှစ်ဘူးက serum ရယ် moisturizer ရယ် သောက်စရာ အရည်ထုတ်တွေရယ် ပါတယ်။ အထုတ်က တစ်ဘူးမှာ ၃၀ လောက်ပါတယ်။ အဲဒါလည်း မသောက်ရသေးဘူး။ xD


မြတ်ကတော့ ကုန်သွားရင်တောင် ထပ်ဝယ်သုံးမှာ ဟုတ်ဘူး။ ဈေးကြီးလို့ :P ။ nuskin ကတော့ ဆေးတွေလည်း ထုတ်တယ်။ အမျိုးအစားတွေကတော့ အစုံပဲ။ မြတ်ရဲ့ အစ်မ ၀မ်းကွဲတစ်ယောက်ကတော့ သူ့အမေ အတွက် ၀ယ်တိုက်သေးတယ်။ ဆေးနာမည်က ageLOC R²။ အာနိသင်ကတော့ တော်တော်ကောင်းတယ်။ သူလည်း ဈေးကြီးတာပဲ :)
ပရိသတ်ကြီလည်း စိတ်ဝင်စားရင် စမ်းသုံးကြည့်ပေါ့နော်။ 

Bye Bye !!!

Tuesday, July 1, 2014

ပြောနေကျ စကားလေးတွေ

စာဖတ်သူတွေကတော့ ခေါင်းစဉ်ကို ကြည့်ပြီး မြတ် ဘာတွေ ပြောတော့မှာပါလိမ့်လို့ စဉ်းစားနေတော့မှာပဲ။ ဒါပေမယ့် မြတ် ရေးတဲ့စာလေး ဖတ်ပြီးရင်တော့ စာဖတ်သူတို့ ကိုယ်တိုင် စဉ်းစားရတော့မှာပါ။ -_- :)

ဟုတ်တယ်။ မြတ် ဆိုလိုချင်တာက မြတ်တို့ နေ့စဉ် ပြောနေကျ စကားတွေထဲမှာ အမြဲ ထည့်ပြောနေကျ စကားလေးတွေ ရှိတယ်။ တစ်ချို့တွေ ရှိတယ်။ ဥပမာ - နာမည်လေးများ သိလို့ ရမလား မသိဘူး၊ ဘယ်မှာနေတာလဲ မသိဘူး။ အဲ့လိုမျိုးပေါ့နော်။ ဒီ စကား အသွားအလာထဲမှာဆိုရင် "မသိဘူး" ဆိုတာ ထည့်ပြောတတ်တယ်၊ မေးတတ်တယ်။ ဒီစာရေးရင်းနဲ့  မြတ်လည်း စဉ်းစားနေရတယ်။ ငါလည်း အမြဲလိုလို ဘယ်စကားတွေ ပြောတတ်လဲပေါ့။

ကျောင်းတုန်းက တစ်ခုမှတ်မိတာ ရှိသေးတယ်။ ဂုဏ်ထူးတန်းတုန်းက တီချယ်တစ်ယေက်က (ဘယ်မေဂျာလည်း မမှတ်မိတော့ပါ ..) အတန်းထဲက ကျောင်းသား၊သူ တွေကို ဖတ်စာအုပ်ထဲက စာတွေကို အပိုင်းလိုက်ပေါ့နော် ဖတ်ခိုင်းပြီး stage ပေါ်မှာ presentation လုပ်ခိုင်းတယ်။ ရှင်းပြခိုင်းတယ်။ သူ့အလှည့်နဲ့သူပေါ့နော်။ မြတ်တို့ အဖွဲ့ အလှည့်မတိုင်ခင် တခြားအဖွဲ့တွေက သူတို့အုပ်စုထဲက တစ်ယောက်ကို ရွေးပြီး စင်ပေါ် တက်ဖတ်ခိုင်းကြတယ်။

မြတ်တို့အဖွဲ့ကျတော့ စဉ်းစားတာက တစ်ယောက်တည်း သွားမယ့်အစား နှစ်ယောက် အတူ presentation လုပ်ကြမယ်ပေါ့(ဟိ အမှန်တော့ တစ်ယောက်တည်း သွားရမှာ ကြောက်တာလည်း ပါတာပေါ့ :P)။ အဲဒီတော့ မြတ်ရယ် နွယ်နီ(သူက ပထမနှစ်ကစပြီး တွဲလာတဲ့သူငယ်ချင်း)ရယ် တက်ပြောမယ်ဆိုတော့ စာတွေ အတူဘာသာပြန် ဖတ်ကြတာပေါ့။ ပြောရမယ့် နေ့အလှည့်လည်း ရောက်တော့ အဲ့တီချယ်အချိန်မလာခင် ရင်တွေက ခုန်နေပြီ။ ;)

ဒါနဲ့ပဲ စင်ပေါ်ကို နှစ်ယောက်အတူ တက်ကြတော့ အကုန်လုံးက အံသြနေတယ်။ ဟုတ်တယ်လေ မြတ်တို့က ပထမဆုံး နှစ်ယောက်ပူးတွဲ တက်ပြောတဲ့ အဖွဲ့ဆိုတော့။ ပထမဆုံး နွယ်နီက စပြောတယ်။ သူက မြတ်ထက် အသံပိုကျယ်တယ်။ သူ့အပိုင်းပြီးတော့ မြတ်အလှည့်ရောက်ရော "ဟုတ်ပါတယ် သူပြောသလိုပါပဲ .... " ။ နောက်တစ်ခါ သူပြောတဲ့ အလှည့်ပြီးတာနဲ့ မြတ်က "ဟုတ်ပါတယ် ......... " ။ အဲ့တုန်းက ကိုယ်က သတိမထားမိဘူး ဘာတွေ ပြောမှန်းလဲ မမှတ်မိတော့ဘူး။ ကြောက်တာနဲ့ ရင်ခုန်နေတာလည်း ပါတာပေါ့ xD

ပြောလို့ပြီးတာနဲ့ ကိုယ့်ခုံတန်းဆီ ပြန်ရောက်တော့ သူငယ်ချင်းတွေက လှမ်းစကြတယ်။ ဟုတ်ပါတယ် ဟုတ်ပါတယ် နဲ့ -_- ။ မြတ်ပြောချင်တာ အဲ့လိုမျိုးပေါ့နော်။ ဟိ ရှင်းပြတဲ့ အပိုင်းက နည်းနည်း များသွားတယ်။ ဆောဒီးးးး :P ။ ကိုယ်က ဒီစကားလုံးကို ထပ်တလဲလဲ သုံးမိပေမယ့် ကိုယ်သတိပြုမိချင်မှ ပြုလိမ့်မယ်။ တခြားသူတွေကတော့ သတိပြုမိတတ်ကြတယ်။ နောက် မြတ်ပြောနေကျ ရှိသေးတယ်။ စကားပြောလို့ရှိရင် ဟိုဟာလေ ... အဲ့ဒါ လုပ်ဖို့ ရှိသေးတယ်။ မြတ်က ဟိုဟာ သူငယ်ချင်းကို စောင့်နေတာ။ သူက ဟိုဟာလေ ဖုန်းမဆက်သေးလို့။ အဲ့လိုမျိုး ဟီးး။ နားထောင်တဲ့သူကတော့ ဟိုဟာ ဟိုဟာ ဆိုတော့ ရှင်းသွားမှာပဲနော်။

ပြီးတော့ မြတ်က စကားပဲ ပြောပြော စာပဲရေးရေး နော် တို့ ပေါ့နော် တို့လည်း ထည့်ပြောတတ်တယ်။ ကဲ မြတ်ကတော့ မြတ်ရဲ့ ပြောနေကျ စကားလုံးလေးတွေကို ဖော်ပြပြီး ပါပြီရှင်။ စာဖတ်သူ အစ်ကို အစ်မတွေ မောင်လေး ညီမလေးတွေ မှာရော ပြောနေကျ စကားလုံးလေးတွေ ရှိပါသလားနော်။ ကိုယ့်ရဲ့ စကားလုံးလေးတွေကို ကွန်မန့်မှာ ရေးပြီး ပြောပြပေးခဲ့မယ်ဆိုရင် မြတ်က အတိုင်းမသိ ၀မ်းသာမိမှာပါရှင်။ Happy -_- !!!!!!!!!

ဖတ်သူမရှိလို့ အားငယ်တယ် တို့ဘ၀ ဗြဲ...

ဘာပဲဖြစ်ဖြစ်ပါ ဘာပဲဖြစ်ဖြစ်ပေါ့ ........ (PS. သီချင်းဆိုတာ မဟုတ်ပါ) xD  မြတ်ရဲ့ မွေးနေ့လဖြစ်တဲ့ ဇူလိုင်လနဲ့အတူ နှုတ်ဆက်လိုက်ပါတယ်နော်


 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon