Tuesday, September 30, 2014

I'm In Love With LANCOME

စက်တင်ဘာလအတွက် ပို့စ်လေး တိုးစေချင်လို့ ရေးဖို့ အကြံရသွားတာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ၀ယ်လာတဲ့ Lancome Tonique Comfort Toner အကြောင်းပါ။ 
အခြားသော Toner တွေ အသုံးပြုသလိုပါပဲ မျက်နှာသစ်ပြီးသွားတဲ့နောက် cotton pad လေးနဲ့ Toner ကို လိုသလောက်ယူပြီး မျက်နှာအနှံ့လိမ်းပေးရမှာပါ။ Daily Skincare အဖြစ်နဲ့ နေ့ရော ညပါ အသုံးပြုနိုင်ပါတယ်။
မြတ်က အလှအပနဲ့ ပတ်သတ်ပြီး ရေးလေ့မရှိဘူး။ ဘာလို့လဲဆိုတော့ မြတ်ကိုယ်တိုင်က အလှပြင်တာကို ၀ါသနာမပါသလို ပြင်လည်း မပြင်တတ်ဘူး။ မိန်းမ မဆန်ဘူးဆိုပါတော့နော်။ ဒါပေမယ့် မြတ်က Skincare ကိုတော့ အရေးထားတယ်။ ကိုယ့်အသားအရေကို ဂရုစိုက်ရမယ်လို့ မြတ်ထင်တယ်။ မိတ်ကပ်တွေနဲ့ အခြား cosmetics တွေ မသုံးချင်ဘူးဆိုရင်တောင် Skincare Lotion လေးတော့ လိမ်းပေးပါလို့ အကြံပေးချင်ပါတယ်ရှင်။
Lancome Tonique Comfort Toner က ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အတွက် ဖြစ်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ ပျားရည်ရယ် almond အစေ့တွေနဲ့ ပြုလုပ်ထားတဲ့ ဒီ toner က အသားအရေကို သက်တောင့်သက်သာ ဖြစ်စေပြီး နူးညံ့ချောမွေ့စင်ကြယ်စေမှာပါ။

မြတ်က သုံးတာ ၂ ရက် ၃ ရက်လောက်ပဲ ရှိသေးတော့ သူ့ရဲ့ အာနိသင်က သိပ်မသိသာသေးဘူး။
သိသာလာတဲ့ အချိန်ကျရင် ပြန်ပြီး ပြောပြပေးပါ့မယ်ရှင်။ စမ်းသုံးတဲ့အနေနဲ့ မြတ်ဝယ်လာတာ 6.7 oz (200ml) ရှိတဲ့ ဗူးသေးလေးကို စင်ကာပူဒေါ်လာ ၅၂ ကျပ်ပေးရတယ်။ 13.5 oz (400ml) ရှိတဲ့ ဗူးကြီးက ၇၅ ကျပ် ကျတယ်။ စိတ်ဝင်စားတယ်ဆိုရင် သုံးကြည့်ကြပါရှင်။

ယခုပိုစ့်လေးနဲ့ စက်တင်ဘာလကို နှုတ်ဆက်လိုက်ပါတယ်နော်။

Thursday, September 18, 2014

ဟဲလို...ဗိုင်ဘာ ☆HELLO☆ ヽ(◕ܫ◕ヽ)

စင်ကာပူ စံတော်ချိန် ည ၈ နာရီခွဲ - ၉ နာရီ ၀န်းကျင်တွင် ...


ကလင်...ကလင်
ဟဲလို.......

ဟဲလို .. သမီးလေး ကြားလား စားပြီးပြီလား (စစချင်း အမြဲ မေးနေကျ မေးခွန်း)
ဟုတ်ကဲ့ စားပြီးပြီ မေကြီး ..   

ဒီနေ့ ဘာဟင်းနဲ့ စားလဲ (မေးနေကျပဲ..)
သမီးလား ကြက်ဥကြော်နဲ့ ..(ဟဲဟဲ. အဲဒါ ဟင်းမချက်ချင်တိုင်း စားနေကျ၊ ရုံးကို ထမင်းချိုင့်ထည့်တော့ ဟင်းမချက်ရင် ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်ပဲ ထည့်သွားတာ ..)
မေမေတို့ ထည့်ပေးလိုက်တဲ့ ဟင်းတွေကော ကုန်ပြီလား
ကျန်သေးတယ် မေကြီး .. ကြာကြာထားလို့မရတဲ့ ဟင်းတွေတော့ ကုန်သွားပြီ ..

ဟုတ်လား .. အိပ်တော့မှာလား 
အိပ်တော့ မအိပ်သေးဘူး ... ခုတင်ပေါ်မှာ ထိုင်ပြီး အင်တာနက်ကြည့်နေတာ (ကိုယ့်အခန်းထဲရောက်တာနဲ့ ထိုင်စရာက အဲ့တစ်နေရာပဲရှိတာ .. ဘ၀က အဲ့လို)

အေးအေး စားပြီးရင် ထိုင်မနေနဲ့ဦး 
ဟုတ်ကဲ့ ပါပါး (ပါပါးကပြောရင်..) 
ဟုတ်ကဲ့ မေကြီး (မေကြီးကပြောရင်..)
(ဒါပေမယ့်လည်း စားပြီးတာနဲ့ ခုတင်ပေါ်တန်းရောက်နေပြီ .. ဟီးးး ◡‿◕

စာလည်း ကြည့်၊ အဆိုင်းမင့်လည်း လုပ်ဦးနော် သမီး
ဟုတ် .. ဒါပေမယ့် မသေချာဘူးနော် သမီး ပြန်လာရင် စာမေးပွဲ ဖြေချင်မှ ဖြေမှာ (တကယ်တော့ အပျင်းတစ်တာပါ )

အော် သမီးရယ်.. ၂ လအတွင်းမှာ တစ်ပတ် အဆိုင်းမင့် တစ်ခုနှုန်းနဲ့ လုပ်ရင် မီပါတယ် (တိုက်တွန်းတဲ့ လေသံဖျော့လေးနဲ့ ..)
ဟုတ်ဟုတ် .. (အားမရှိတဲ့ အသံနဲ့ .. အဆိုင်းမင့်က ပြီးပေမယ့် စာက ကျက်ရဦးမှာလေ .. )

အေးအေး အဲဒါဆို ဒါပဲနော် မအိပ်ခင် ဘုရားရှိခိုးနော် သမီး
ဟုတ်ကဲ့... ဟုတ်ကဲ့

ဂွတ်နိုက် သမီး (တစ်ခါတစ်ရံ မေကြီးက ပြောပါတယ်)
ဂွတ်နိုက် မေကြီး ...  


အဲ့လိုလေးတွေလေ မေကြီးနဲ့ ပါပါးက နေ့တိုင်းနီးပါး ဂလိုလေး ဖုန်းဆက်လိုက်ရမှ ကျေနပ်တာတဲ့ ...
Weekends ကျရင်တော့ တခြားအကြောင်းတွေနဲ့ စကားများများ ပြောဖြစ်ပါတယ်..

I  You MOM & DAD 

Friday, September 12, 2014

ချစ်သူသည် ကျွန်မအတွက် ဆေးတစ်ခွက် (▰˘◡˘▰)


နေမကောင်းလျှင် ပိုပြီး စိတ်အားငယ်တတ်သောကြောင့် တော်တန်ရုံလောက်နဲ့ ကျွန်မ မဖျားချင်ပေ။ ခုလို အိမ်နဲ့ ဝေးနေရတဲ့ အခြေအနေကြောင့်လည်း ပါသည်။ 


I don't want to be sick.

ပြေးကြည့်မှ အလွန်ရင်းနှီးတာ မဟုတ်သော်လည်း ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ပဲ ဒီအရပ်မှာ ရှိတာပါ။ သူငယ်ချင်း အများအပြား လိုချင်တာမဟုတ်ပေမယ့်လည်း အနည်းဆုံးတော့ ကျွန်မ ခံစားချက်တွေကို ဖွင့်ထုတ်ပြောပြချင်တဲ့ နားထောင်ပေးမယ့် သူငယ်ချင်းတစ်ယောက်လောက် ရှိရင်ပဲ ကျွန်မ ကျေနပ်ပါတယ် ... တကယ်ပါ ကျွန်မ တောင့်တမိတာ ရိုးရိုးလေးပါပဲ ...........

ထိုအချိန်မှာ အမှတ်မထင် ကျွန်မရဲ့ အထီးကျန်ဘ၀ထဲကို ချစ်သူက ၀င်ရောက်လာခဲ့တယ်။ ကျွန်မရဲ့ နံဘေးမှာ ကျွန်မကို ချစ်မြတ်နိုးတဲ့ တန်ဖိုးထားတဲ့ ဂရုစိုက်တတ်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားတာ ကျွန်မအတွက် ခွန်အားတွေ ဘယ်လောက်တောင်ဖြစ်စေတယ်ဆိုတာ မဖော်ပြနိုင်လောက်အောင်ကိုပဲ ကြည်နူးမိတယ်.

ကျွန်မရဲ့ တစ်နေ့တာ အကြောင်းတွေ၊ ခံစားချက်တွေကို မငြီးငြူ ပဲ နားထောင်ပေးတဲ့ ချစ်သူ၊ တစ်ခါတစ်လေ ကျွန်မကြိုက်နှစ်သက်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေကို ဈေးကြီးလို့ ကျွန်မက မ၀ယ်ရင်တောင် ကိုယ့်အတွက် လိုအပ်တယ်၊ အသုံးဝင်တယ်ဆိုရင် ၀ယ်သင့်တယ်လို့ ပြောပြီး သူကိုယ်တိုင် ၀ယ်ပေးတတ်တဲ့ ချစ်သူ၊ အစားအသောက်ရွေးလွန်းတဲ့ကျွန်မကို ချော့မော့ပြီး စားသင့်တယ်လို့ ပြောတဲ့ချစ်သူ၊ ကျွန်မ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို အတူတကွ ဖြေရှင်းပေးတဲ့ ချစ်သူ၊ သူရဲ့ နေ့ရက်တိုင်းကို ကျွန်မနဲ့အတူ ရှင်သန်ချင်တယ်လို့ ပြောတဲ့ ချစ်သူ .........

ချစ်သူရယ်.. ကျွန်မလည်း ရှင်နဲ့အတူ ဘ၀ကို အေးအတူ ပူအမျှ ဖြတ်သန်းချင်ပါတယ်ကွယ် .. ကျွန်မတို့ နှစ်ယောက် အတူတကွ ကျော်ဖြတ်လာခဲ့တဲ့ အချိန်တွေက မရှည်လျားပေမယ့် အခိုင်အမာ တည်ဆောက်ခဲ့ကြတဲ့ မေတ္တာသံယောဇဉ်တွေကို ကျွန်မနှလုံးသားထဲ အမြဲ တန်ဖိုးထားနေမှာပါ ........

ယခုတော့ ကျွန်မက နေမကောင်းတဲ့ အချိန်မှာတောင် အားငယ်ဖို့ သတိမရတော့ဘူးကွယ်။ ဘာလို့လဲဆိုတော့ နေမကောင်းဖြစ်ရင် ချစ်သူရဲ့ အကဲပို ဂရုစိုက်တတ်တဲ့ အပြုအမူတွေ အောက်မှာ ကျွန်မ သာယာနေတတ်ပြီလေ။ နေမြန်မြန်ကောင်းလာအောင် ဆေးမှန်မှန်သောက်၊ အစားအသောက်စားတာ မနည်းဖို့ တတွတ်တွတ်မှာတတ်တဲ့ ချစ်သူက ကျွန်မရဲ့ အားဆေးလေးတစ်ခွက်ပဲပေါ့။

ချစ်သူက ကျွန်မအတွက် ဆေးတစ်ခွက် ဆိုမှတော့ ကျွန်မရဲ့ ဝေဒနာအတွက် ကဲ တခြား ဘာလိုအပ်တော့မှာတုန်းရှင် .............




Thursday, September 11, 2014

ချစ်သူ့သံစဉ် ♪♪(o*゜∇゜)o~♪♪


မတွေ့မမြင်ခင်တည်းက ချစ်သူရဲ့ စကားပြောသံ ညှို့ငင်မှုက ကျွန်မရဲ့ သွေးသားထဲထိတောင် စီးမျောသွားသလို ခံစားရတယ်


ချစ်သူရဲ့ အသံက ရင့်ကျက် တည်ငြိမ်တယ်
အမှန်တရားဘက်က အမြဲရပ်တည်မယ့်သူ
မဟုတ်မခံစိတ်ကလေးကလဲ တစ်ခါတစ်ရံ ရှိတတ်သူ
မိသားစုကို အရာအားလုံးထက် တန်ဖိုးထားသူ
ကြုံလာသမျှ လောကဓံကို ဇွဲမလျှော့ပဲ ရင်ဆိုင်လို့ 
ဘ၀ရှေ့ခရီးလမ်းကို ဆက်လျှောက်လှမ်းမယ့်သူ
အို  ကျွန်မလေ ....
ချစ်သူရဲ့ အသံကတစ်ဆင့် ချစ်သူရဲ့ နှလုံးသားထဲထိတောင် မြင်နေရတဲ့ ကျွန်မရဲ့ ခံစားချက်ကို ကျွန်မကိုယ်တိုင်တောင် အံသြမိတယ် ..

အမိန့်သြဇာမပါသော်ငြားလည်း ကျွန်မကိုယ်တိုင် အမိန့်ချခံရသူပမာ တိတ်ဆိတ်ငြိမ်သက်သွားတယ်


ချစ်သူရဲ့ ဖွင့်ဟလိုက်တဲ့ စကားပြောသံတိုင်းကို ကျွန်မ အလိုလို မှတ်မိနေတတ်တယ်

တကယ်တော့ ချစ်သူရဲ့ အသံကို နှစ်သက်မြတ်နိုးမိသွားတာဟာ ကျွန်မဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ စက်ကွင်းတစ်ခုထဲကို ရောက်သွားသလိုပါပဲ


ချစ်သူရဲ့ စကားပြောသံမှာ ပျော်ဝင်သွားတဲ့ ကျွန်မရဲ့ နှလုံးသားကို ဘယ်အရာကများ တားဆီးလို့ရတော့မှာလဲ ...


မဆွတ်ခင်ကပင် ညွှတ်ချင်တဲ့ သူ့ကိုသာ ပေးဖို့ ရည်ရွယ်ထားတဲ့ ကျွန်မရဲ့ အကြင်နာ မေတ္တာတွေက ချစ်သူကိုယ်တိုင်တောင်းဆိုလာတဲ့အခါ ငြင်းဆန်လို့မရအောင် တွန်းအားပေးနေကြတယ် ...


ဟုတ်ပါတယ် ဒီအသံလေးလေ... ကျွန်မ ချစ်မြတ်နိုးတဲ့ ချစ်သူ့သံစဉ်လေးလေ ... 
(✿ ♥‿♥ ✿ )


 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon