မိန်းကလေးအများစုက ခြေသည်းလက်သည်းလေးတွေ ဆိုးရတာ နှစ်သက်တာကြောင့် မြတ်လည်း သဘောကျနေတဲ့ ခြေသည်းဒီဇိုင်လေးတွေကို ပြပေးမယ်နော်။ ပြီးရင် အလွယ်ကူဆုံး အရိုးရှင်းဆုံးခြေသည်းဒီဇိုင်းတစ်ခုရဲ့ ဆိုးနည်းအဆင့်ဆင့်ကိုလည်း ဖော်ပြပေးသွားမှာပါရှင်။
Easy Toenail Design for Beginners
အဆင့် ၁။ ။ ပထမအဆင့်အနေဖြင့် သန့်ရှင်းထားတဲ့ ခြေသည်းတွေပေါ်မှာ Base coat ကို ဆိုးပါ။
အဆင့် ၂။ ။ သေးငယ်ပြီး ပါးလွှာတဲ့ စုတ်တံကို အဖြူရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး ခြေမပေါ်မှာ မျဉ်းကွေးပုံစံ ထောင့်ဖြတ်အတိုင်းဆွဲပါ။
အဆင့် ၃။ ။ ထောင့်ဖြတ်လိုင်းရဲ့ အပေါ်ဘက်ခြမ်းကို အဖြူရောင်လက်သည်းဆိုးဆေးပဲ ခြယ်ပါ။
အဆင့် ၄။ ။ အခြားသော ခြေချောင်းများကို နှစ်သက်ရာအရောင် ဆိုးနိုင်ပါတယ်။ ပုံမှာတော့ အပြာရောင်လေး ဆိုးထားတာပါ။
အဆင့် ၅။ ။ ခြေမမှာ ဆိုးထားတာ ခြောက်သွားပြီဆိုရင် အဖြူရောင်ပေါ်ကနေ အပြာရောင်(အခြားခြေချောင်းများတွင် ဆိုးထားသောအရောင်) အုပ်၍ဆိုးလိုက်ပါ။
အဆင့် ၆။ ။ ဆိုးဆေးများ အားလုံးခြောက်သွားရင် စုတ်တံအသေးလေးကို အနက်ရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး အစက်ငယ်လေးများကို ပုံပါအတိုင်း ဆွဲပေးပါ။
အဆင့် ၇။ ။ ကျန်နေတဲ့ ခြေချောင်းများကိုလည်း အနက်ရောင်အစက်ငယ်လေးတွေ ဆွဲပေးပါ။
အဆင့် ၈။ ။ အားလုံးပြီးသွားပြီးဆိုရင် ဆွဲထားတဲ့ ခြေသည်းဒီဇိုင်းလေး အချိန်ကြာကြာခံစေဖို့ အပေါ်ကနေ top coat လေးဆိုးပေးပါ။ ကဲ ခုဆိုရင် သင့်ရဲ့ခြေသည်းလေးက အရိုးရှင်းဆုံးဒီဇိုင်းလေးနဲ့ လှပပြီး တောက်ပနေမှာ အသေအချာပဲပေါ့။