Monday, January 26, 2015

Toenail Art Designs

မိန်းကလေးအများစုက ခြေသည်းလက်သည်းလေးတွေ ဆိုးရတာ နှစ်သက်တာကြောင့် မြတ်လည်း သဘောကျနေတဲ့ ခြေသည်းဒီဇိုင်လေးတွေကို ပြပေးမယ်နော်။ ပြီးရင် အလွယ်ကူဆုံး အရိုးရှင်းဆုံးခြေသည်းဒီဇိုင်းတစ်ခုရဲ့ ဆိုးနည်းအဆင့်ဆင့်ကိုလည်း ဖော်ပြပေးသွားမှာပါရှင်။










Easy Toenail Design for Beginners

အဆင့် ၁။ ။ ပထမအဆင့်အနေဖြင့် သန့်ရှင်းထားတဲ့ ခြေသည်းတွေပေါ်မှာ Base coat ကို ဆိုးပါ။

အဆင့် ၂။ ။ သေးငယ်ပြီး ပါးလွှာတဲ့ စုတ်တံကို အဖြူရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး ခြေမပေါ်မှာ မျဉ်းကွေးပုံစံ ထောင့်ဖြတ်အတိုင်းဆွဲပါ။ 

အဆင့် ၃။ ။ ထောင့်ဖြတ်လိုင်းရဲ့ အပေါ်ဘက်ခြမ်းကို အဖြူရောင်လက်သည်းဆိုးဆေးပဲ ခြယ်ပါ။

အဆင့် ၄။ ။ အခြားသော ခြေချောင်းများကို နှစ်သက်ရာအရောင် ဆိုးနိုင်ပါတယ်။ ပုံမှာတော့ အပြာရောင်လေး ဆိုးထားတာပါ။

အဆင့် ၅။ ။ ခြေမမှာ ဆိုးထားတာ ခြောက်သွားပြီဆိုရင် အဖြူရောင်ပေါ်ကနေ အပြာရောင်(အခြားခြေချောင်းများတွင် ဆိုးထားသောအရောင်) အုပ်၍ဆိုးလိုက်ပါ။ 

အဆင့် ၆။ ။ ဆိုးဆေးများ အားလုံးခြောက်သွားရင် စုတ်တံအသေးလေးကို အနက်ရောင်လက်သည်းဆိုးဆေးထဲ နှစ်ပြီး အစက်ငယ်လေးများကို ပုံပါအတိုင်း ဆွဲပေးပါ။


အဆင့် ၇။ ။ ကျန်နေတဲ့ ခြေချောင်းများကိုလည်း အနက်ရောင်အစက်ငယ်လေးတွေ ဆွဲပေးပါ။

အဆင့် ၈။ ။ အားလုံးပြီးသွားပြီးဆိုရင် ဆွဲထားတဲ့ ခြေသည်းဒီဇိုင်းလေး အချိန်ကြာကြာခံစေဖို့ အပေါ်ကနေ top coat လေးဆိုးပေးပါ။ ကဲ ခုဆိုရင် သင့်ရဲ့ခြေသည်းလေးက အရိုးရှင်းဆုံးဒီဇိုင်းလေးနဲ့ လှပပြီး တောက်ပနေမှာ အသေအချာပဲပေါ့။

5 comments:

Thu said...

ချစ်စရာလေး.. အသူကလက်သည်းခြေသည်းအလှပြင်တာသိပ်ကြိုက်တာ...
ခက်တာကလက်လဲမလှခြေလဲမလှ ဘုတိုတိုနဲ့ :D

Ashley Myat said...

အစ်မ အသူရယ် စိတ်မညစ်ပါနဲ့ ကိုယ့်ရှိတဲ့ လက်သည်းခြေသည်းပေါ်မှာပဲ ဆိုး၊ တိုချင်တိုပလေ့စေ
အဲဒါကမှ ကိုယ့်စတိုင်ဖြစ်သေး :D

Unknown said...

နန်းက လက်သည်းတော့မဆိုးဘူး။ ခြေသည်းတော့ အမြဲဆိုးထားတယ်။ ဆိုးကြည့်အုံးမယ်။ ပုံစံလေးက ရိုးရိုးလေးနဲ့လှတယ်။

mabaydar said...

ခြေသည်း ဒီဇိုင်းလေးတွေ ချစ်စရာလေးတွေ... အဲဒိ tutorial က မြတ် ခြေထောက်လား?

Ashley Myat said...

မြတ်ခြေထောက် မဟုတ်ပါဘူးရှင့် မမဗေဒါ :D

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon