ကိုယ့်အနားမှာ အားပေးဖော် တိုင်ပင်ဖက် ချစ် က ရှိနေလို့ တော်သေးတာပေါ့။ ဒီမှာတော့ အကြာကြီးလည်း မနေချင်ဘူး။ ကိုယ့်မိဘတွေ အသက်ရှိထင်ရှားရှိတုန်း အနားမှာ အနီးကပ် ပြုစု စောင့်ရှောက်ချင်သေးတယ်လေ။ ဒီကို ရောက်လာတာကလည်း ကိုယ့်မိဘတွေကို ကျေးဇူးဆပ်ချင်တာကြောင့်လည်း လာဖြစ်တာ။ ကိုယ့်ဘ၀ တက်လမ်းအတွက်လည်း ပါတာပေါ့နော်။ စလုံးကို ရောက်လာတာ တစ်နှစ်ကျော်ကျော်လောက်ပဲ ရှိပါသေးတယ်။ အလုပ်ကတော့ ရောက်ကတည်းက စ၀င်လုပ်တဲ့ နေရာမှာပဲ။ အလုပ်က အဆင်ပြေပါတယ်။ ဒါပေမယ့် အလုပ်မှာ မပျော်ဘူး။ မြတ်က ကိုယ့်သာသာပဲ နေတတ်တာ များတော့ အလုပ်က တခြားသူတွေနဲ့ မပေါင်းဖြစ်ဘူး။ စကားလည်း မပြောဖြစ်ဘူး။ အလုပ်ကြောင့် ဘေးမှာ ထိုင်တဲ့ မန်နေဂျာမ နဲ့ စကားပြောတာရှိတယ်။ ရင်းနှီးတာဆိုလို့ ကိုယ့်နဲ့ position တူတဲ့ အိန္ဒိယန်းမ တစ်ယောက်ပဲရှိတယ်။ ဒါတောင် ထမင်းစားချိန်လောက်ပဲ ပြောဖြစ်တာ။ ကျန်တဲ့ အချိန်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပဲ။
စာမေးပွဲလည်း ဖြေမယ်လို့ စဉ်းစားထားတယ်။ ကိုယ့်ဘာသာကို စာကြည့်ပြီး ဖြေရတာပါ။ ဒီမှာက စာမေးပွဲကြေးက တော်တော်မြင့်တယ်။ သင်တန်းမတက်ရပေမို့လို့သာပဲ။ သင်တန်းဈေးတွေကလည်း ကြီးမှကြီး။ အိမ်ကတော့ ဒီပလိုမာ ဖြစ်ဖြစ် ဒီရောက်တုန်း ယူထားတဲ့။ ပါပါးကတော့ ဒေါက်တာဘွဲ့တောင် ယူစေချင်တာ။ စာတွေလည်း အဲ့လောက်အများကြီး မလုပ်ချင်တော့ဘူး။ အဲဒါကြောင့် ဒီပလိုမာလေးတော့ ယူဖို့ စဉ်းစားထားတယ်။ ပိုက်ပိုက် အခြေအနေကောင်းရင်တော့ တက်မယ်။ :)
မေကြီးနဲ့ ပါပါးကိုလည်း သတိရတယ်။ အစ်မတွေနဲ့ မောင်လေးကိုလည်း သတိရတယ်။ တူလေးနဲ့ တူမလေးကိုလည်း အရမ်းလွမ်းတယ်။ စိတ်ထဲမှာတော့ အမြဲ ပြန်ချင်နေတယ်
:(
သတိရခြင်းများစွာနဲ့ ........
ပရိသတ်ကြီး စိတ်မကောင်းဖြစ်နေမှာစိုးလို့ ချော့ကလက်လေး စားသွားပါဦးနော်
0 comments:
Post a Comment