Wednesday, June 18, 2014

Hello Testy 1 2 3 :)

ဘလော့ခ်ပေါ်က ပျောက်တာ ကြာပါပြီ။ သတိရပေမယ့်လည်း ဘာရေးရမှန်းမသိတာနဲ့ update မဖြစ်တာပါ။ အစတည်းကတော့ မြတ်ပြောထားပါတယ်။ စာရေးတာ သိပ်တော့ ၀ါသနာမပါဘူးလို့။ ဒါပေမယ့်လည်း သူများတွေရဲ့ ဘာလော့ခ်ဖတ်ရင်း ကိုယ်လည်း ရေးချင်တာနဲ့ ရေးဖြစ်သွားတာ။ ပြီးတော့ စာဖတ်သူတွေလည်း မရှိလောက်ပါဘူး။ မြတ်က သူများဆီ သွားပြီး လာပါလို့လည်း မခေါ်ချင်ဘူးလေ။ အားနာလို့ :0

ဒီနေ့တော့ မျက်စိလည်လာတာ ကိုယ့်ဘလော့ခ်လေးလည်း update လုပ်ဦးမှပါပဲ။ ကိုယ်စထားတဲ့ ဇာတ်လမ်းဆိုတော့လည်း နိုင်အောင် လုပ်ရမှာပေါ့နော် ပရိသတ်ကြီးတို့ရေ ..။ ဟိုးအရင်ရက်တွေတည်းက မြတ် ဘလော့ခ်က ဘာဖြစ်တယ် မသိဘူး။ Main page မှာ ပို့စ်တစ်ခုတည်း ပေါ်စေချင်တာ။ အဲ့ပို့စ်ကိုပဲ နှစ်ခါလာပေါ်နေတာ။ ဘာဖြစ်တာလဲ အဖြေရှာရင်း ဂုရုကြီးကိုလည်း မေးရင်းပေါ့လေ။ နောက်ဆုံးမှာမှ ပိုနေတဲ့ code ကို Edit Html မှာ ၀င်ဖျက်လိုက်မှပဲ တစ်ခုတည်း ပေါ်တော့တယ်။ အဲ့လို web developer ကြီး တိုင်ပတ်သွားတာ။ ရေးပြီးတဲ့ ၀က်ဆိုက်တွေ မနည်းပေမယ့် Blog site နဲ့ကျမှပဲ လည်သွားတယ်။ ခုတော့ အိုကေမှာ စိုပြေလို့ ;)

မြတ်ရဲ့ ကိုယ်ပိုင် ဘလော့ခ်လေးကို ဒီနေ့ကစပြီး ပြန်ဂရုစိုက်ပါ့မယ်နော်။ အားပေးမယ်မဟုတ်လား ပရိသတ်ကြီး .. ဖျောင်း .. ဖျောင်း (လက်ခုပ်တီးကြတာပါ)။ တကယ်တော့ ရေးသူလည်း ကိုယ် ဖတ်သူလည်း ကိုယ်ပါပဲ။ ဟဲဟဲ အားရစရာပါ။ နောက်တော့လည်း ရှိလာမယ်လို့ မျှော်လင့်ပါတယ် .. နော်။ ဒီနေ့လည်း ဒီလောက်ပဲနော်။ အလုပ်မှာ အားနေတာနဲ့ ပိုစ့်အသစ်အနေနဲ့ တင်လိုက်ပါတယ်ရှင်။ :)


လည်လည် လာသူများအတွက် စားကြပါဦးရှင့် 

2 comments:

Thu said...

Like m&m

Ashley Myat said...

Me too
( ❀◕◡◕ฺฺ )

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon