Friday, August 15, 2014

Feelings In A Moment ✿◠‿◠✿

မြတ်က ကတိလည်း မတည်ဘူးလို့ ပြောနေမှာပဲနော်။ ပို့စ်မှန်မှန်တင်မယ်လို့ ပြောထားတာ အပြောကြီးမိတာလား မသိ။ xD စာမရေးဖြစ်ပေမယ့် မှန်မှန်တော့ ဖတ်ဖြစ်ပါတယ်။ မြတ်ကသာ အသစ်မရေးတာ တခြားသူတွေကတော့ ပုံမှန်ရေးနေတာပဲလေ။ စာရေးဖို့ ဖီလင် သိပ်မလာလို့လည်း ပါတာပေါ့။ ဟဲဟဲ အကြောင်းပြချက်ကလည်း ပြပဲပြနိုင်လွန်းတယ်နော့ ဟုတ်တယ်မလား :)

ဒီရက်တွေထဲ တော်တော်လေးကို ပျင်းနေတယ် ဘာလုပ်ရမှန်းကို မသိတာ။ ပိတ်ရက်ဆိုလည်း အိမ်တွင်းအောင်းနေတာ။ မနက်ဖြန်ကစပြီးတော့ အရင်လို ပြန်ဖြစ်လာတော့မှာ ကိုယ့်ဘာသာကိုယ် သိနေတယ်။ မနက်ဖြန် စနေက အိမ်မှာ မြတ်ရဲ့ သန့်ရှင်းရေး အလှည့်လေ။ အရှေ့နှစ်ပတ်က ကျောင်းတက်နေတဲ့ ညီမလေးတွေ လုပ်သွားတာ။ သူတို့က ငယ်လို့လား မသိဘူး။ Living room လောက်ပဲ သေချာလှည်းတယ်။ ရေချိုးခန်းကို ဘာမှ သေချာမလုပ်သွားဘူး။ မြတ်အလှည့်ကျရင်တော့ စပါယ်ရှယ် သန့်ရှင်းလုပ်ရတော့မှာပဲ။ ညစ်ပတ်ရင် မနေတတ်ဘူး။ ရေချိုးရမှာလည်း စိတ်မသန့်ဘူး။ အဲ့တော့ လုပ်ပေဦးတော့ ကွယ်.....။

ပြီးတော့ မုန့်ဟင်းခါးလည်း ချက်စားကြဦးမှာ။ တူတူချက်စားမယ့် ဘေးခန်းက အစ်မက သူလည်း ၀ိုင်းလုပ်ပေးပါမယ်တဲ့။ ချက်တာကတော့ မြတ်က စောစောထချက်မှာပါ။ ရုံးပိတ်ရက်ဆိုတော့ သူများက စောစောထချင်မှာ မဟုတ်ဘူးလေ။ သူနိုးလာမှပဲ လိုအပ်တာလေး လုပ်ခိုင်းတော့မယ်။ ချက်ပြုတ်စားပြီးတာနဲ့ အ၀တ်လျှော်စက်ထဲ ထည့်လျှော်။ ပြီးတာနဲ့ အိမ်ရှေ့ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းတွေကို သန့်ရှင်းရေးလုပ်။ ခဏနားပြီး လေဆိပ်မှာ သွားကြိုဖို့ ပြင်ဆင်ရဦးမှာ .... ဟူးးးးးးးး 

အိမ်ကို သတိရတော့ အိမ်ပဲ ပြန်ချင်နေတယ်။ ဒီဇင်ဘာမှ ပြန်ဖို့ စီစဉ်ထားတာလေ။ တစ်ခါပြန် နှစ်ပတ်က နည်းလွန်းတယ်ကွယ်။ အချိန်တန်လို့ အပြီး ပြန်ရမယ့်နေ့တွေကို မျှော်တွေးရင်း ကြိုးကြိုးစားစား လုပ်နေရတယ်။ မြတ် ဒီမှာနေရတာ မပျော်ဘူး။ ကိုယ့်မွေးရပ်မြေမှာပဲ မိသားစုနဲ့နေ စီးပွားရေးလုပ်၊ အရမ်းကြီး ချမ်းသာစရာမလိုပဲ ပြည့်ပြည့်စုံစုံ နေရရင်ကိုပဲ ကျေနပ်တယ်။ ဘ၀မှာ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတာက တန်ဖိုးအရှိဆုံး မဟုတ်လား။ မြတ်တောင့်တမက်မောတဲ့ ပျော်စရာနေ့ရက် အချိန်လေးတွေ အတွက် ဖိုက်တင်းးးးးးးးးး :D



မြတ်က စိတ်ကူးလည်း အရမ်းယဉ်တတ်တယ်။ လူတိုင်း စိတ်ကူးယဉ်လို့ ရတယ်ပဲနော့ ..။ စိတ်မှာ အရမ်းဖြစ်ချင်နေပြီဆိုရင် သူ့အချိန်တန်ရင်တော့ ဖြစ်လာတတ်တယ်။ မြတ် စဉ်းစားထားတာ အိမ်ထောင်ကျပြီးရင် မိဘတွေနဲ့ နေဖြစ်မှာမဟုတ်ဘူး။ ခြံဝယ်ပြီး ကိုယ်လိုချင်တဲ့ အိမ်ပုံစံလေး ဖြစ်အောင် မဆောက်နိုင်သေးရင်တောင် ကိုယ်ပိုင်တိုက်ခန်းနဲ့ နေဖြစ်ဖို့တော့ များတယ်။ တိုက်ခန်းနဲ့ နေလည်း မြတ်ကတော့ interior design တွေကို သေချာ စိတ်တိုင်းကျ ပြင်မှာပဲ။ မြတ်က အဲဒါကို crazy ဖြစ်တယ်။ ကိုယ်အမြဲနေမယ့် အိမ်ကိုတော့ သေသပ်လှပပြီး ခေတ်မီစေချင်တယ်။ ဒါလည်း ရောပါတစ်မျိုးပါလား :P

နှုတ်မဆက်ဖြစ်တာကြာလို့ အရောက်လာခဲ့ပါတယ်။ 
ဘလော့ခ်လာလည်သူများကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ 



4 comments:

Mrs. Bagel said...

မြတ်ကြည်လည်း အိမ်ထောင်ကျပြီးရင် အိမ်ခွဲနေဖို့ စဉ်းစားထားတယ်။ အခုထိတော့ စုတုန်းပဲ။ :)

Ashley Myat said...

ဒါဆို အစ်မမြတ်ကြည်က မြတ်ထက်တော်သေး။
မြတ်က အခုမှ စုမလို့ ကြံကာရှိတုန်း ဟိ :D

mabaydar said...

ပိုစ့်တွေမှာသုံးတဲ့ animated ပုံလေးတွေက ချစ်စရာလေးတွေ ဘယ်ကရှာလဲဟင်? အိမ်ထောင်ကျပြီး အိမ်ခွဲနေတာ ကောင်းတယ်... ဒါပေမဲ့ မဗေဒါကတော့ ဘာလုပ်ဖြစ်မလဲ မသိ....

Ashley Myat said...

မမဗေဒါရေ မြတ်လိုချင်တဲ့ animation ပုံလေးတွေကို ဒီလင့်က ယူပါတယ်ရှင့်
http://superkawaiiemoticon.tumblr.com/

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon