တနင်္ဂနွေနေ့က မြတ် အပြင်ထွက်ရင်း ရုပ်ရှင်လည်း ကြည့်ဖြစ်တယ်။ ရထားလည်း တော်တော် စီးလိုက်ရတယ်။ မြတ်နေတဲ့နေရာ(Bishan) ကနေ city hall ကို နေ့လည်စာ စားဖို့ သွားတယ်။ အဲ့ရောက်တော့ အင်းလေးမှာ ကြေးအိုးမှာသောက်တယ်။ စလုံးမှာ အဲဒါ ပထမဆုံး ကြေးအိုးသောက်ဖူးတာ။ အရသာကတော့ ရန်ကုန်ကိုတော့ မမီဘူး။ သိပ်လည်း မကြိုက်ဘူး။ စားပြီးတာနဲ့ Jcube က Shaw cinema complex မှာ ၁ နာရီခွဲပွဲ အမီ "Lucy" ကားကြည့်ဖို့ ရထားနဲ့ သွားကြတယ်။
လက်မှတ်က အွန်လိုင်းက ကြိုဝယ်ထားတော့ ကုဒ်နံပါတ်ပြော လက်မှတ်ထုတ်။ ပြောင်းဖူးပေါက်ပေါက်နဲ့ အအေးလည်း လက်မှတ်ဝယ်တဲ့အထဲ ပါနေတော့ အဲ့ဒါတွေပါ ယူပြီး ရုံထဲ ၀င်လိုက်ကြတယ်။ နောက်လာမယ့် ရုံတင်တဲ့ ကားတွေကို အစမ်းပြပြီး ၁ နာရီခွဲမှာ စပြတယ်။ ကြိုက်လို့ သွားကြည့်တာလည်း မဟုတ်ဘူး။ ဘယ်လို ကားမျိုးလည်း သေချာမသိဘူး။ ကားကတော့ သိပ္ပံအက်ရှင်ကားမျိုးပေါ့။ ကြည့်ပြီးမှ ကြိုက်သွားတာ။ မင်းသမီးက Scarlett Johansson၊ သူကတော့ ရုပ်ရှင်ရဲ့ နာမည် lucy နေရာကနေ သရုပ်ဆောင်ထားတာ။ မြတ် သတိထားမိသလောက် သူ့ကို အခုမှ ကြည့်ဖူးတာလားတော့ မသိဘူး။ သူ့ သရုပ်ဆောင်ချက်ကို အရမ်းကြိုက်တယ်။ Lucy ကားမှာပါတဲ့ နောက်ထပ် သရုပ်ဆောင်တွေက Morgan Freeman ရယ် Amr Waked နဲ့ Choi Min-sik ။
Taipei မှာနေပြီး ပညာသင်နေတဲ့ ၂၅ နှစ်အရွယ် အမေရိကန်အမျိုးသမီး အဖြစ် သရုပ်ဆောင်ထားတဲ့ လူစီက မရည်ရွယ်ပဲ မူးယစ်ဆေးဝါးနဲ့ ရောင်းဝယ် လုပ်စားနေကြတဲ့ သူတွေဆီ ရောက်သွားတာ။ အဲ့လူတွေက လူစီအပါအ၀င် တခြားလူသုံးယောက်ရဲ့ ဗိုက်ကို ခွဲပြီး CPH4 ဆိုတဲ့ ဆေးဝါးထုပ် တစ်ထုပ်စီကို ထည့်တယ်။ ပြီးတော့ ပစ္စည်းယူမယ့် နိုင်ငံတွေဆီ ခွဲလွှတ်ကြတာ။ လူစီကတော့ Taipei က တခြားလူတွေဆီ ရောက်သွားတာ။ ခေါင်းဆောင်က လူစီကို အခန်းထဲ ထည့်ဖမ်းထားပြီး ထိကပါးရိကပါးနဲ့ စကားပြောလာတယ်။ လူစီက သူ့ကိုယ်ကို ကိုင်တာ မကြိုက်လို့ ပြန်ပြုမူလိုက်တဲ့ အပေါ်မှာ ဟိုဘက်လူက သူ့ဗိုက်ကို ကန်လိုက်တော့ ဗိုက်ထဲ ထည့်ထားတဲ့ ဆေးတစ်ချို့က အထုတ်ကနေ ပေါက်ပြီး လူစီ ခန္ဓာကိုယ်ထဲ ရောက်ကုန်ရာကနေ ဘယ်လို အစွမ်းတွေကို ရရှိသွားသလဲဆိုတာ စိတ်ဝင်တစား သိချင်တယ်ဆိုရင်တော့ ကြည့်သင့်တဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ခုလို့ ပြောချင်ပါတယ်ရှင်။
ရုပ်ရှင်ကြည့်ပြီး အစက အိမ်ပြန်မလို့ပဲ သူငယ်ချင်းတွေက လှမ်းချိန်းတာနဲ့ Orchard ကို ဆက်သွားတယ်။ သူငယ်ချင်းတွေနဲ့ Shopping ခဏထွက်ဖြစ်တယ်။ တစ်ယောက်က Tanjong Pagar က ကျောင်းမှာ ထီးကျန်ခဲ့လို့ဆိုပြီး အဲ့ကို သွားတယ်။ ဟိုရောက်တော့ ကျောင်းက ပိတ်သွားပြီး။ ထီးလည်း မယူခဲ့ရဘူး။ :( အပြန်ကျတော့ သူက Eunos ကို ချိန်းထားတာ ရှိလို့ ဆက်သွားတယ်။ မြတ်ကတော့ အိမ်ပြန်ခဲ့တော့တယ်။ ခြေထောက်တွေလဲ တော်တော် ညောင်းသွားတယ်။ :)
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွားခဲ့တဲ့ Gardens By The Bay အကြောင်းတောင် မရေးရသေးဘူး။ အပျင်းတစ်နေလို့။ သူကတော့ ပုံတွေပဲ များမှာပါ။ စောင့်မျှော်ပါဦးနော် :*
Monday, August 25, 2014
Subscribe to:
Post Comments (Atom)
4 comments:
နိုဘယ်လ် လား မြတ်လား?
စိတ်ဝင်စားစရာပိုစ့်လေးတွေ လာဖတ်သွားပါတယ်ရှင့်။
နိုဘယ်လ်ဆိုတာ အရင်က စာရေးရင် သုံးတဲ့နာမည်ပါ
အခုတော့ မြတ် လို့ပဲ သုံးနေပါတယ်
မြတ် လို့ ခေါ်ရင် ရပါတယ်ရှင့်
မြတ်ရဲ့ မတတ်တခေါက် ရေးထားတဲ့ စာတွေကို ဖတ်သွားလို့ ကျေးဇူးတင်ပါတယ်နော် :)
Scarlett Johansson ကို ကြိုက်လို့ ကြည့်မိတာ... ဇာတ်လမ်းကိုလဲ သဘောကျမယ်ထင်လို့... ကားက မဆိုးပါဘူး... ဒါပေမဲ့ ဇာတ်သိမ်းကြီးက သိပ်တော့ သဘောမတွေ့ဘူး... ပြီးတော့ ဒီလောက်အစွမ်းထက်နေတယ်.... တိုက်စီသမားကိုတောင် မစဉ်းစားပဲ ပစ်သတ်တဲ့ Lucy က ဘာလို့ လူဆိုးကြီးကိုကျ မသတ်လဲ မသိ....
ဟုတ်တယ် မမဗေဒါ ပြောသလိုပဲ ဇာတ်သိမ်းက ကြည့်ရတာ သိပ်တော့ မမိုက်ဘူးနော်
နောက်ဆုံး လူဆိုးကြီးက ရဲကိုယ်တိုင် သေနတ်နဲ့ ပစ်မှ သေသွားတော့တယ် ...
Post a Comment