Thursday, September 11, 2014

ချစ်သူ့သံစဉ် ♪♪(o*゜∇゜)o~♪♪


မတွေ့မမြင်ခင်တည်းက ချစ်သူရဲ့ စကားပြောသံ ညှို့ငင်မှုက ကျွန်မရဲ့ သွေးသားထဲထိတောင် စီးမျောသွားသလို ခံစားရတယ်


ချစ်သူရဲ့ အသံက ရင့်ကျက် တည်ငြိမ်တယ်
အမှန်တရားဘက်က အမြဲရပ်တည်မယ့်သူ
မဟုတ်မခံစိတ်ကလေးကလဲ တစ်ခါတစ်ရံ ရှိတတ်သူ
မိသားစုကို အရာအားလုံးထက် တန်ဖိုးထားသူ
ကြုံလာသမျှ လောကဓံကို ဇွဲမလျှော့ပဲ ရင်ဆိုင်လို့ 
ဘ၀ရှေ့ခရီးလမ်းကို ဆက်လျှောက်လှမ်းမယ့်သူ
အို  ကျွန်မလေ ....
ချစ်သူရဲ့ အသံကတစ်ဆင့် ချစ်သူရဲ့ နှလုံးသားထဲထိတောင် မြင်နေရတဲ့ ကျွန်မရဲ့ ခံစားချက်ကို ကျွန်မကိုယ်တိုင်တောင် အံသြမိတယ် ..

အမိန့်သြဇာမပါသော်ငြားလည်း ကျွန်မကိုယ်တိုင် အမိန့်ချခံရသူပမာ တိတ်ဆိတ်ငြိမ်သက်သွားတယ်


ချစ်သူရဲ့ ဖွင့်ဟလိုက်တဲ့ စကားပြောသံတိုင်းကို ကျွန်မ အလိုလို မှတ်မိနေတတ်တယ်

တကယ်တော့ ချစ်သူရဲ့ အသံကို နှစ်သက်မြတ်နိုးမိသွားတာဟာ ကျွန်မဘယ်လိုမှ ရုန်းထွက်လို့မရတဲ့ စက်ကွင်းတစ်ခုထဲကို ရောက်သွားသလိုပါပဲ


ချစ်သူရဲ့ စကားပြောသံမှာ ပျော်ဝင်သွားတဲ့ ကျွန်မရဲ့ နှလုံးသားကို ဘယ်အရာကများ တားဆီးလို့ရတော့မှာလဲ ...


မဆွတ်ခင်ကပင် ညွှတ်ချင်တဲ့ သူ့ကိုသာ ပေးဖို့ ရည်ရွယ်ထားတဲ့ ကျွန်မရဲ့ အကြင်နာ မေတ္တာတွေက ချစ်သူကိုယ်တိုင်တောင်းဆိုလာတဲ့အခါ ငြင်းဆန်လို့မရအောင် တွန်းအားပေးနေကြတယ် ...


ဟုတ်ပါတယ် ဒီအသံလေးလေ... ကျွန်မ ချစ်မြတ်နိုးတဲ့ ချစ်သူ့သံစဉ်လေးလေ ... 
(✿ ♥‿♥ ✿ )


4 comments:

Thu said...

ချစ်တတ်လိုက်တာ..

Ashley Myat said...

မြတ်ဆီကို လာလည်လို့ ကျေးဇူးအထူးနော် အသူရေ :)

မိုးညချမ်း said...

ချစ်သူ့သံစဉ်လေးကို တိတ်တိတ်လေး လာနားထောင်သွားတယ် ... :)

Ashley Myat said...

အစ်မမိုးည တိတ်တိတ်လေး လာသွားတယ်ပေါ့လေ
အစ်မရဲ့ စာလေးတွေ ဖတ်ပြီး မြတ် အရမ်း အားကျမိတယ်
လာလည်လို့ ကျေးဇူးတင်ပါတယ်နော် .. :)

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon