Tuesday, September 30, 2014

I'm In Love With LANCOME

စက်တင်ဘာလအတွက် ပို့စ်လေး တိုးစေချင်လို့ ရေးဖို့ အကြံရသွားတာကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ၀ယ်လာတဲ့ Lancome Tonique Comfort Toner အကြောင်းပါ။ 
အခြားသော Toner တွေ အသုံးပြုသလိုပါပဲ မျက်နှာသစ်ပြီးသွားတဲ့နောက် cotton pad လေးနဲ့ Toner ကို လိုသလောက်ယူပြီး မျက်နှာအနှံ့လိမ်းပေးရမှာပါ။ Daily Skincare အဖြစ်နဲ့ နေ့ရော ညပါ အသုံးပြုနိုင်ပါတယ်။
မြတ်က အလှအပနဲ့ ပတ်သတ်ပြီး ရေးလေ့မရှိဘူး။ ဘာလို့လဲဆိုတော့ မြတ်ကိုယ်တိုင်က အလှပြင်တာကို ၀ါသနာမပါသလို ပြင်လည်း မပြင်တတ်ဘူး။ မိန်းမ မဆန်ဘူးဆိုပါတော့နော်။ ဒါပေမယ့် မြတ်က Skincare ကိုတော့ အရေးထားတယ်။ ကိုယ့်အသားအရေကို ဂရုစိုက်ရမယ်လို့ မြတ်ထင်တယ်။ မိတ်ကပ်တွေနဲ့ အခြား cosmetics တွေ မသုံးချင်ဘူးဆိုရင်တောင် Skincare Lotion လေးတော့ လိမ်းပေးပါလို့ အကြံပေးချင်ပါတယ်ရှင်။
Lancome Tonique Comfort Toner က ခြောက်သွေ့သော အသားအရေပိုင်ရှင်များ အတွက် ဖြစ်ပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ရေဓာတ်ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ ပျားရည်ရယ် almond အစေ့တွေနဲ့ ပြုလုပ်ထားတဲ့ ဒီ toner က အသားအရေကို သက်တောင့်သက်သာ ဖြစ်စေပြီး နူးညံ့ချောမွေ့စင်ကြယ်စေမှာပါ။

မြတ်က သုံးတာ ၂ ရက် ၃ ရက်လောက်ပဲ ရှိသေးတော့ သူ့ရဲ့ အာနိသင်က သိပ်မသိသာသေးဘူး။
သိသာလာတဲ့ အချိန်ကျရင် ပြန်ပြီး ပြောပြပေးပါ့မယ်ရှင်။ စမ်းသုံးတဲ့အနေနဲ့ မြတ်ဝယ်လာတာ 6.7 oz (200ml) ရှိတဲ့ ဗူးသေးလေးကို စင်ကာပူဒေါ်လာ ၅၂ ကျပ်ပေးရတယ်။ 13.5 oz (400ml) ရှိတဲ့ ဗူးကြီးက ၇၅ ကျပ် ကျတယ်။ စိတ်ဝင်စားတယ်ဆိုရင် သုံးကြည့်ကြပါရှင်။

ယခုပိုစ့်လေးနဲ့ စက်တင်ဘာလကို နှုတ်ဆက်လိုက်ပါတယ်နော်။

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon