Sunday, November 9, 2014

ငါးထမင်းနယ်နဲ့ Salmon ငါးဟင်းချို

မြတ် မနေ့က ငါးထမင်းနယ်နဲ့ salmon ငါးဟင်းချိုကို လုပ်စားဖြစ်ပါတယ်။ ပထမတစ်ခါလုပ်တုန်းက မတင်ဖြစ်လိုက်လို့ အခု ဒုတိယအကြိမ်လုပ်တော့ ပို့စ်ရေးဖို့အတွက် မှတ်မှတ်ရရ တင်လိုက်တာပါ။

မြတ်လုပ်ဖြစ်ခဲ့တဲ့နည်းအတိုင်းပဲ ပြောပြမယ်နော်။ ပါဝင်တဲ့ အမယ်ကတော့ သူများတွေလို စုံချင်မှစုံမယ်ရှင့် ကိုယ်သိသလောက် တတ်သလောက်လုပ်ထားတာဆိုတော့ အားပေးပါဦးနော်။
ငါးထမင်းနယ်လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေက
- ငါး (လိုသလောက်ထည့်ပါ)
- အာလူး၊ ခရမ်းချဉ်သီး
- ဆီချက် (ကြက်သွန်နီ သို့ ဖြူ  မိမိကြိုက်ရာနဲ့ ဆီကို ချက်နိုင်ပါသည်)
- နံနံပင်
- ဆား၊ ကြက်သားမှုန့် (အနည်းငယ်)
- ဂျူးမြစ်၊ ငရုတ်သီးကြော်(မိမိနှစ်သက်ပါက တွဲဖက်စားသုံးနိုင်ပါသည်။ မြတ်မှာတော့ မရှိလို့ မထည့်ဖြစ်လိုက်ပါ :D)

လုပ်နည်းကတော့ အာလူးကိုအရင်ပြုတ်ပြီး အအေးခံထားပါ။ ပြီးရင် ငါးကို ရေအနည်းငယ်နဲ့ မြုပ်အောင်ထည့်၍ ပြုတ်လိုက်ပါတယ်။ ငါးကိုလည်း အအေးခံထားတုန်း ခရမ်းချဉ်သီးကို ရေအနည်းငယ်မြုပ်ရုံ ပြုတ်ထားပါတယ်။ ခုနက အအေးခံထားတဲ့ အာလူးကိုနွှာပြီး ဓါးနဲ့ အပိုင်းသေးလေးတွေ ဖြစ်အောင်လှီးပါတယ်။ ခရမ်းချဉ်သီးတွေ နူးလာလျှင် အရိုးနွှင်ထားတဲ့ ငါးနဲ့ ပြန်လုံးချက်လိုက်ပါတယ်။ အားလုံးအဆင်သင့်ဖြစ်ရင် ချက်ပြီးသားထမင်းနဲ့ အာလူး၊ ငါးခရမ်းချဉ်သီးအနှစ်၊ ဆီချက်၊ ဆား၊ ကြက်သားမှုန့်တို့နဲ့ သမအောင်နယ်ပြီး အရသာရှိရှိ စားသုံးနိုင်ပါပြီရှင်။ လွယ်ကူရိုးရှင်းပြီး အချိန်တိုအတွင်းမှာ ပြုလုပ်နိုင်တဲ့ ငါးထမင်းနယ် ပါရှင်။

Salmon ငါးဟင်းချိုအတွက်က
- salmon ငါးအရိုး
- ပဲကြာဇံ
- မုန်လာဥနီ

ရေနွေးပွက်ပွက်ဆူလာရင် ပဲကြာဇံနဲ့ မုန်လာဥနီ ထည့်ပါ။ ဟင်းခါးဖြစ်အောင် မြတ်ကတော့ ဒီမှာဝယ်လို့ရတဲ့ အိမ့်စည်းစိမ်ဆိုတဲ့ ဟင်းခါးမှုန့်ထုပ်ကိုသုံးပါတယ်(cityhallကဆိုင်တွေမှာ ၀ယ်ယူလို့ရပါတယ်)။ ဟင်းခါးမှုန့်မရှိလျှင် ငရုတ်ကောင်း၊ ကြက်သွန်ဖြူ။ ဆားကို အသုံးပြုနိုင်ပါတယ်။ ပဲကြာဇံနဲ့ မုန်လာဥနီ အနေတော်နူးလာရင် salmon ငါးအရိုးများကို ထည့်ပါ။ အရသာအပေါ့အငန်မြည်း၍ အိုကေပြီဆိုရင် မီးပိတ်၍ ပန်းကန်ထဲထည့်ပြီး ငါးထမင်းနယ်နဲ့ တွဲဖက်စားသုံးနိုင်ပါပြီရှင်။ 
P.S. မြတ်ဟင်းချိုက အရည်နည်းသွားတယ် ဟိ.. :D

6 comments:

Mrs. Bagel said...

ငါးထမင်းနယ်က အကြိုက်ဆုံးထဲမှာပါတယ်။ လာလည်ရင် လုပ်ကျွေးနော်။ :D

Thu said...

Looks yummy!
Delicious(Candy Crashထဲကအသံဖြင့်ဖတ်ပါ) :P :P
ဟင်းချက်လဲရတာပဲနော် :)

Ashley Myat said...

မမမြတ်ကြည် စင်ကာပူရောက်လို့ လာလည်ရင် လုပ်ကျွေးမယ်နော် ဖုန်းခေါ်လိုက်သိလား :) :*

Ashley Myat said...

အစ်မအသူ candy crash ထဲက အသံအတိုင်းဆိုရင်တော့ တော်တော်အားရပါးရရှိတဲ့ အသံပေါ့နော် :D
ဟင်းအမယ်အနည်းငယ်လောက်ပဲ ချက်တတ်တာပါရှင် :) ချက်ရင်း သင်ယူနေဆဲပါ

Cameron said...

မစားရတာတောင်ကြာပြီ ညီမလေးငါးထမင်းကိုကြည့်ပြီး တော်တော်စားချင်သွားတယ်..း)

Ashley Myat said...


မမမိုးငွေ့လုပ်တဲ့အခါကျရင် ပိုတောင် စားချင်စရာကောင်းဦးမှာ
ငါးထမင်းနယ်လုပ်စားဖြစ်ရင် ကျွေးဦးနော် ဘလော့ခ်မှာ :)
ဒီနေ့မနက်တော့ မမရဲ့ ဌက်ပျောပေါင်းစားထားတယ် :D

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon