Saturday, November 15, 2014

What Is Noni Juice?

ရွက်ယိုသီးဆိုတာ ဘယ်လိုအသီးမျိုးလဲ? ရွက်ယိုသီးဖျော်ရည်ကိုသောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးကို သိချင်ရင်တော့ ...........

မြန်မာလိုခေါ်ဝေါ်တဲ့ ရွက်ယိုသီးကို အင်္ဂလိပ်လို Noni Juice လို့ခေါ်ကြတယ်။ Noni Juice ဆိုတဲ့နာမည်ဟာ အရှေ့တောင်အာရှ၊ သြစတေးလျ နဲ့ Caribbean တို့မှာ ပေါက်ရောက်တဲ့ Morinda Citrifolia Fruit ကနေ ရရှိခဲ့တဲ့ နာမည်ပါ။ အများအားဖြင့် "Great Morinda" လို့ သိကြပါတယ်။ နောက်ပြီး အိန္ဒိယမှာဆိုရင် "Indian Mulberry, Nunaakai" ၊ အင်ဒိုနီးရှားနဲ့ မလေးရှားမှာဆိုရင် "Mengkudu" ၊ ဖိလစ်ပိုင်မှာ "Apadot" ၊ ဘာလီမှာ "Kumuda" ၊ ဂျာဗားကျွန်းမှာ "Pace" ၊ ဟာဝိုင်ယီမှာ "Beach Mulberry, Cheese Fruit or Noni" လို့ အသီးသီးခေါ်ကြတယ်။


ရွက်ယိုသီးဟာ အသီးစစသီးချင်းမှာ အစိမ်းရောင် ဖြစ်ပြီး မှည့်လာတဲ့အခါ အ၀ါရောင်ဘက်ကို ပြောင်းသွားပါတယ်။ ရွက်ယိုသီးကို နာမည်ပြောင်အနေနဲ့ “The Tree For Headaches” or “The Painkiller Tree” လို့လည်း ခေါ်ကြပါသေးတယ်။ ရွက်ယိုသီးဖျော်ရည်ကို သောက်သုံးခြင်းကြောင့် ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခြင်း၊ ကိုလက်စထရောကို လျော့ကျစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြင့်တတ်စေခြင်းနဲ့ ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။

ဘာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို လျော့ကျစေသလဲဆိုတော့ သူ့ကို သောက်သုံးလိုက်တဲ့အခါ သူက ခန္ဓာကိုယ်ထဲမှာ နိုက်ထရစ်အက်ဆစ်ကို ထုတ်ပေးပါတယ်။ ကြွက်သားတွေဟာ လှုပ်ရှားလာပြီး ခန္ဓာကိုယ်အတွင်းမှာ အစာခြေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စသည်တို့နှင့် သက်ဆိုင်တဲ့ ဓာတုဖြစ်စဉ်အစုစုကို လုပ်ဆောင်ပါတယ်။ နိုက်ထရစ်အက်ဆစ်တွေက ၎င်းဖြစ်စဉ်ထဲမှာ ပါဝင်နေပါတယ်။ နိုက်ထရစ်အက်ဆစ်က ကြွက်သားများလှုပ်ရှားဖို့အတွက် မတူညီသော အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ဆွပေးပြီး ရင်းမြစ်များအနက် တစ်ခုကတော့ ခန္ဓာကိုယ်ထဲမှ Fat Cells တွေက ဖြစ်ပါတယ်။ ၎င်းအက်ဆစ်တွေက အဆီဆဲလ်ထဲမှာ သိုလှောင်သိမ်းဆည်းထားတဲ့ Triglycerides (ဂလစ်စရောနဲ့ fatty acid သုံးမျိုး)ကို လျော့ကျစေခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်လျော့ကျရခြင်း ဖြစ်ပါတယ်။


ရွက်ယိုသီးဖျော်ရည်ရဲ့အရသာဟာ ခါးသက်ပြီး အနံ့ကလည်း ဆိုးပါတယ်။ ဒါကြောင့် ရွက်ယိုသီးဖျော်ရည်ကို သောက်သုံးတော့မယ်ဆိုရင် စပျစ်သီးဖျော်ရည် သို့ အခြားသောဖျော်ရည်များနဲ့လည်း ရောစပ်၍ သောက်သုံးနိုင်ပါတယ်။ ဒါဆိုရင် အရသာနဲ့ အနံ့က အရင်လို မဆိုးရွားနိုင်တော့ဘူးပေါ့။ အာနိသင်အတွက်ကတော့ ရွယ်ယိုသီးဖျော်ရည်ချည်းပဲ သက်သက်သောက်သုံးခြင်းက အခြားဖျော်ရည်များနဲ့ ရောစပ်ပြီး သောက်သုံးခြင်းထက် ပိုမို ထိရောက်ပါတယ်။ သီတင်းပတ် ၃ ပတ်လောက် ကြာအောင် သောက်သုံးပြီးချိန်မှာတော့ အာနိသင်ကို စတင်တွေ့ရှိလာမှာပါ။

ရွက်ယိုသီးဖျော်ရည်ချည်းပဲ သီးသန့်သောက်သုံးသူတွေအတွက် နည်းစနစ်ကတော့ -
1 tablespoon every other day for 6 weeks, then
1 tablespoon per week for 6 months, then
1 tablespoon once per month
1/2 hour before a meal or 1 hour after a meal
ထိုနည်းစနစ်အတိုင်း သောက်သုံးသွားနိုင်ပါတယ်ရှင်။

မြတ်လည်း သောက်ကြည့်ရင် ကောင်းမလားလို့ ဒါပေမယ့် ခါးတယ်ဆိုတော့ သောက်ရမှာ နည်းနည်းတော့ လန့်တယ် :D အသားအရေအတွက်လည်း ကောင်းတယ်လို့ ပြောထားသေးတယ်
သြစတေးလျက ထုတ်တဲ့ KORA Organics မှာ ရွက်ယိုသီးကို အသုံးပြုထားတာ ရှိပါတယ် စိတ်ဝင်စားရင်တော့ ဒီလင့်ခ်လေးကို သွားရောက်ကြည့်ရှုပါနော်။
သောက်ဖူးသူများရှိရင် အတွေ့အကြုံလေးကို ပြောပြပေးပါဦးရှင်

2 comments:

Thu said...

ကျွန်တော့အမေလဲ ရဲယိုသီးကိုခဏခဏစားတယ်။မီးယပ်သွေးဆုံးကိုင်မဖြစ်ဘူးအောင်လို့တဲ့။တကယ်လဲကောင်းတယ်ထင်တယ်။သူသွေးဆုံးတုန်းကရောဂါကြီးကြီးမားမားမဖြစ်လိုက်ဘူး။ငယ်ငယ်တုန်းကသံကျအောင်ရဲယိုသီးနံနံ ပူပူစပ်စပ်ကြီးကျွေးတော့စားဖူးသေးတယ်။ကြိုက်ဘူး။အဲ့ရဲယိုကို :P

Ashley Myat said...

အိမ်မှာ မေကြီးတို့ ရဲယိုရွက်နဲ့ ငါးချက်စားတတ်တယ် တစ်ခါတစ်လေ
မြတ်ကတော့ မစားဘူး ခါးလို့ :D
ရဲယိုသီးက ဆေးဘက်ဝင်မှန်း သိတော့သိတယ်
ဒါပေမဲ့ ဘာရောဂါတွေ ပျောက်တယ်၊ ဘာအတွက်ကောင်းတယ်ဆိုတာ ခုမှ သေချာသိလာတာ :)
ကျေးဇူးနော် အစ်မအသူရဲ့အတွေ့အကြုံလေးနဲ့ အသုံးပြုဖူးတဲ့ နည်းလမ်းလေးကို ပြောပြလေးလို့ :)
မြတ်လည်း ကြိုက်ဘူးလို့ :P

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon