Sunday, January 12, 2014

Feeling Loneliness

ဒီနေ့ကတော့ နိုဘယ်လ် ဘယ်မှ မသွားဖြစ်ဘူး။ ညနေကျရင်တော့ Junction 8 က NTUC ကို သွားပြီး တစ်ပတ်စာ ပစ္စည်းဝယ်ဖို့တော့ ရှိတယ်။ Shopping ကတော့ မနေ့က သူငယ်ချင်းနဲ့ သွားတယ်။ သူက နောက်တစ်ပတ်ဆို ရန်ကုန်ပြန်မှာဆိုတော့ ၀ယ်စရာလေးတွေ ရှိတယ်တဲ့ လိုက်ခဲ့ပေးပါနော်လို့ ပြောတာနဲ့ အပြင်ထွက်ဖြစ်သွားတာ။ သူငယ်ချင်းရဲ့ အသိ အစ်မတစ်ယောက်လည်း ပါတယ် သူလည်းပဲ ရန်ကုန်ပြန်မှာမို့လို့ အိတ်လိုက်ဝယ်တယ်။ နိုဘယ်လ်ရဲ့ သူငယ်ချင်းက Ang Mo Kio မှာနေတော့ သူနဲ့ နိုဘယ်လ်က တစ်မှတ်တိုင်ပဲ ကွာတယ်။ သူ့ ရထားအလာကို ချိန်ပြီး နိုဘယ်လ်က တတ်လိုက်သွားတာ။ အရင်ဆုံး City Hall ကို သွားပြီး နေ့လည်စာ ထမင်းစားတယ်။ ပြီးမှ သူ့အသိအစ်မကို ခေါ်ပြီး Citylink ကိုသွားကြတယ်။ သူငယ်ချင်းက သူ့အမေနဲ့ အဒေါ်အတွက် Charles & Keith က အိတ်တွေ လက်ဆောင်အဖြစ် ၀ယ်တယ်။ အဲ့ Brand ကလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ၄ သောင်း ၅ သောင်းဝန်းကျင်လောက်တွေလေ။ သူတို့ တွေ အိတ်ဝယ်လို့ ပြီးတော့ နိုဘယ်လ်လည်း Levi's ဆိုင် တွေ့တာနဲ့ ၀င်ကြည့်လိုက်တယ်။ 


ဂျင်းဘောင်းဘီဆိုရင် သူ့ဆီက အများဆုံး ၀ယ်ဝတ်တယ်လေ။ အခုကလည်း ဂျင်းဘောင်းဘီ လိုနေတာနဲ့ အတော်ဖြစ်သွားတာ။ ပုံမှန်ဆို ၀ယ်ဖို့ စိတ်ကူးမရှိပါဘူး။ အခုဟာက New Year မှာ အိမ်ပြောင်းတုန်းက ၀တ်နေကျ ဂျင်းဘောင်းဘီ နှစ်ထည် ( Levi's တစ်ထည်နဲ့ Denizen တစ်ထည်) ကို မှားပြီး ပစ်တဲ့ အထဲ ပါသွားတာ( ငိုချင်လိုက်တာ အဟင့် ရွှတ် :(( ) အဲဒါနဲ့ တစ်ထည်ပဲ ကျန်ခဲ့တယ်။ တနင်္ဂနွေကမှ အပြီး ပြောင်းတာဆိုတော့ အိမ်အသစ်ရောက်မှ ငါ ဘာတွေ ကျန်ခဲ့သေးလဲ စဉ်းစားရင်း သွားပြီပေါ့ ပြန်ရဦးမလားဆိုပြီး အိမ်အဟောင်းဆီ တစ်ခေါက်ပြန်ပြေးလိုက်သေးတယ် ပစ်ထားတဲ့ နေရာ သွားရှာတာ မတွေ့တော့ပါဘူး ကောက်သွားလောက်ရောပေါ့( ဗြဲ ..) အဲဒါနဲ့ ညနေကျတော့ Junction 8 သွားပြီး Espirit က ဂျင်းဘောင်းဘီ တစ်ထည် သွားဝယ်လိုက်ရော။ ၆၉.၉၀ တဲ့ လျှော့ပါဦးလို့ ပြောတာနဲ့ ၁၀ ရာခိုင်နှုန်းလျှော့ပေးလိုက်တယ်။ အဲ့တော့ ၆၂ ကျပ် ကျော်ကျော်ပဲ ကျတော့တယ်။ ဟဲဟဲ... ဂျင်းဘောင်းဘီ နှစ်ထည်ကို တစ်ပတ်စာအတွက် လှည့်ဝတ်ပြီး ရုံးတက်လိုက်ရတာပေါ့။ (ဖြစ်ရမယ်ကွယ်.....) 
မနေ့ကလည်း ကြုံတာနဲ့ ၀ယ်မလားဆိုပြီး ၀င်ကြည့်တာ တစ်ထည်ကို 139 ဆိုတော့ များနေသလားလို့။ အရောင်းဝန်ထမ်းကတော့ ပြောတယ်။ တစ်ထည်ဝယ် တစ်ထည် free တဲ့၊ အဲ့လိုဆိုတော့ တန်သလားလို့။ 


သူငယ်ချင်းကိုလည်း မေးတော့ ၀ယ်လိုက် တန်တာပဲတဲ့။ အဲဒါနဲ့ နှစ်ထည်ဝယ်လာဖြစ်သွားတယ်။ ခုတော့ စိတ်ပူစရာမလိုတော့ဘူး။ ဂျင်းဘောင်းဘီ ၄ ထည်ဖြစ်သွားပြီ။ ဂျင်းက တစ်ခါဝယ်ပြီးသွားလည်း တော်တန်ရုံ ဘာမှ မဖြစ်တော့ အကြာကြီး ခံတယ်။ အဲဒါကြောင့်လည်း ကြိုက်တယ်။ ပြီးတာနဲ့ Bugis ကို ချီတတ်ကြတယ်။ KOI မှာ Shake ၀ယ်သောက်တယ်။ သောက်လို့ ကောင်းလို့ ကြိုက်တယ်။ နိုဘယ်လ်က Ice-cream Milk Tea သောက်တယ်။ ပြီးတော့ Bugis+ ထဲဝင် ဟိုကြည့်ဒီကြည့်၊ အဲ့ကနေမှ တစ်ဆင့် BHG ကို ကူး။ သူငယ်ချင်းရဲ့ အသိက Luggage ၀ယ်မယ်ဆိုလို့ Swiss Polo မှာကြည့်ပြီး ကြိုက်တာနဲ့ ၀ယ်တယ်။ နိုဘယ်လ်က ဖိနပ်လည်း ၀ယ်ချင်တာနဲ့ အောက်ထပ်မှာ ၀င်ကြည့်တယ်။ ဟိုဘက်ကနေ ဒီဘက်လျှောက်လာတယ် ကြည့်တယ် အကြိုက်မတွေ့ပြန်ဘူး ကိုယ်က ခြေထောက်လည်း ကြီးတော့ ဖိနပ် ၀ယ်ရင် ဂျီးများတယ်။ နောက်ဆုံးတော့ Sembonia က ဖိနပ်လေး ကြည့်လို့ မဆိုးပါဘူး ဆိုတာနဲ့ ၀ယ်လာလိုက်တယ်။ 


၆၇ တဲ့ ၂၀ ရာခိုင်နှုန်းရှိတော့ နည်းနည်း သက်သာသွားတယ်။ အဲဒါပြီးတာနဲ့ သူတို့ ၀ယ်စရာရှိတာဝယ်၊ MC Donald စားပြီးတော့ အိမ်ပြန်လာကြတယ်။ ခြေထောင်တွေလည်း ညောင်းရော... @_@ 
ခေါင်းစဉ်နဲ့တော့ သိပ်မကိုက်သလိုပဲနော် အမှန်တော့ တစ်ယောက်တည်း ပျင်းလွန်းလို့ ရေးလိုက်တာ
စာတော့ နည်းနည်း ရှည်သွားတယ် ... xD

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon