Thursday, January 9, 2014

First Day Of Blogger's Life

မင်္ဂလာပါရှင်။ ဒီနေ့ကတော့ ကျွန်မရဲ့ ဘလော့ခ်ဆိုက်ကို စတင်စမ်းသပ်တဲ့နေ့ပါပဲ။ တကယ်တော့ ကျွန်မက စာရေးတာကို အလွန်အမင်း စိတ်ဝင်စားတဲ့သူတော့ မဟုတ်ပါဘူး။ အမှန်အတိုင်း ၀န်ခံတာပါ။ တခြားသူတွေရဲ့ ဘလော့ခ်တွေကို ၀င်ဖတ်တယ်။ ရေးထားတာလေးတွေကို အရမ်း သဘောကျတာပဲ။ သြော် သူများတွေများ ရေးတတ်လိုက်ကြတာပေါ့။ ဘလော့ခ်ဂါ တွေရဲ့ ဆိုက်ကို ၀င်ဖတ်တယ်ဆိုတာ ကျွန်မအတွက် စိတ်အပန်းဖြေစရာလည်း ဖြစ်သလို ဗဟုသုတလည်း ရလို့ပါ။ ဒါကြောင့်လည်း အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မအတွက် ဒီနေ့ဟာ ပထမဆုံး ဘလော့ခ်ပေါ် ခြေချတဲ့ နေ့ဖြစ်သလို နောက်များမှာတော့ ကျွန်မရဲ့ ပျော်မွေ့ဖွယ်ရာ ကောင်းကင်ဘုံလေး ဖြစ်လာနိုင်မလားဆိုတာကတော့ .....................

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon