Friday, January 10, 2014

Little Bunny

Happy New Year Bunny :)
ချစ်စရာလေးတွေနော် ယုန်လေးတွေတော့ မွေးချင်တယ် ဒါပေမယ့် သနားလည်း သနားတယ် xD


နိုဘယ်လ် သိရသလောက် ပြောပြရရင်တော့ Easter အကြောင်းပေါ့နော်။ အဲ့ ပွဲတော်ကို ကိုယ်စားပြုတာကတော့ ယုန်ပဲ။ ဒါပေမယ့် သူတို့တွေက နှာခေါင်းပိုချွန်ပြီး နားရွက် ပိုထောင်သလားလို့ :D ဒီမှာ ကြည့်ကြည့်လိုက်နော် သူလေးကို


Easter ပွဲတော်ကတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ပွဲတော်ပေါ့နော်။ အနောက်နိုင်ငံတွေကတော့ "Rebirth Of Jesus" ကို အမှတ်တရအနေနဲ့ နှစ်စဉ်နှစ်တိုင်း နွေဦးအချိန်မှာ ကျင်းပလေ့ရှိကြတယ်။ အဲဒီ့ Easter နေ့မှာဆိုရင် ခရစ်ယာန်ဘာသာဝင် တော်တော်များများက ဘုရားကျောင်းတတ်ပြီး ရှိခိုးဆုတောင်းကြတယ်၊ "Hymns" လို့ခေါ်တဲ့ ဘာသာရေးသီချင်းတွေ သီဆိုတယ်။ ပြီးတော့ ကိုယ့်ရဲ့ ဆွေမျိုး ဒါမှမဟုတ် သူငယ်ချင်းတွေ ရင်းနှီးတဲ့သူတွေကို Easter Greetings Cards တွေလည်း ပေးပို့ကြတယ်၊ နောက်ပြီး Easter Eggs တွေကို အရောင်မျိုးစုံလည်း ခြယ်သေးတယ်။ ပျော်ဖို့တော့ ကောင်းမယ်နော်။ နိုင်ငံတိုင်းကတော့ သူတို့ ဓလေ့ သူတို့ ရိုးရာပေါ့။ ဒါကတော့ နိုဘယ်လ် သိသလောက် ဘာသာပြန် ပြောပြတာပေါ့နော်။ စာဖတ်သူအားလုံးကိုလည်း ကျေးဇူးပါရှင်။


ဖြူဆွတ်နေတာပဲ ချစ် ချစ်စရာလေး :*

Photo Copyright by Google :)

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon