ခဏနေတော့ ချစ်ပြန်လာတာနဲ့ ဗိုက်ဆာတယ်ဆိုလို့ ပုစွန် ကို ငရုတ်အကြမ်းဖက် နည်းနည်းနဲ့ အစပ်ကြော်တယ်။ ပြီးတော့ ရယ်ဒီမိတ်ကော်ပြန့်ကြော်ရယ် ကြက်ဆီထမင်းရယ်နဲ့ စားလိုက်ကြတယ်။ စားပြီးတော့ ချစ်က ခဏနားတုန်း မြတ်က The Heirs ကို ဇာတ်သိမ်းခန်းထိ ပြီးအောင်ကြည့်လိုက်တယ်။ မဆိုးပါဘူး ကြည့်လို့ကောင်းပါတယ်။
Min Ho & Park
ညနေကျတော့ ချစ်က ကိစ္စတစ်ခုရှိလို့ Plaza Singapura ကို သွားမယ်ဆိုလို့ ဇာတ်ကားကြည့်ပြီးတာနဲ့ ရေချိုး၊ သွားဖို့ ပြင်ရတော့တယ်။ အဲ့ရောက်တာနဲ့ ကြုံတုန်းလေး Sephora ကို ၀င်ကြည့်ဖြစ်တယ်။ Cheek Brusher လေးလည်း လိုချင်တာနဲ့ တစ်ခါတည်း ၀ယ်ခဲ့လိုက်တယ်။ ၃၂ ကျပ်ပေးရတယ်။ Member Card လေးလည်း လုပ်လာခဲ့တယ်။ Free membership ပါ။ သူက 250 points ရရင် ၁၀ % discount ပေးပါတယ်။ S$1 ကျပ်ကို 1 point ပါ။ တခြားဟာတွေ ကြည့်ချင်သေးပေမယ့် ချစ်ကို အားနာတာ(ကြောက်တာလည်း ပါပါတယ်) နဲ့ ၀ယ်ပြီး ထွက့်ခဲ့လိုက်တယ်။ ဟုတ်တယ်လေ သူက အပြင်မှာ စောင့်ကျန်ခဲ့တာကိုး။ GAP ကိုလည်း သွားကြည့်ချင်ပေမယ့် အပြန်ကျရင် Fair Price ၀င်ပြီး တစ်ပတ်စာ ၀ယ်ရမှာမို့လို့ ဘယ်မှ မ၀င်တော့ပဲ ပြန်ခဲ့လိုက်ပါတယ်။
Cheek Brusher & Sephora White Member Card
အိမ်နားက MRT ရောက်တာနဲ့ ဈေးဝင်ဝယ်ပြီး အိမ်ပြန်ခဲ့ကြတယ်။ ချစ်က ဗိုက်မဆာတော့ပေမယ့် မြတ်က နည်းနည်းဆာလို့ ၀ယ်လာတဲ့ Chicken Nuggets လေးကြော်ပြီး ကြက်ဆီထမင်း ကျန်တာလေးနဲ့ စားလိုက်တယ်။ ပြီးတာနဲ့ မျက်နှာသစ် သန့်စင်ပြီး စောစော ၀င်အိပ်တော့တာပဲ။ ချစ်လည်း ခဏနေတော့ လာအိပ်တယ်။ တင်္နလာဆို အလုပ်ပြန်စပြီလေ။ မလုပ်ချင်ပေမယ့်လည်း ရွေးစရာမရှိသေးတဲ့ ဘ၀ဆိုတော့လည်း ဆက်လက် ကြိုးစားရုန်းကန်ရဦးမှာပဲလေနော် ........
Dream Catcher From The Heirs
အဲ့ Dream Catcher လေး လိုချင်တယ် သိလား။ အိပ်မက်ဆိုးတွေ ရှိရင် ပျောက်သွားအောင်လို့ ဟိ ... :D