Thursday, October 9, 2014

Yoga For Better Sleep

အခု ပို့စ်လေးကတော့ မအိပ်ခင် ကိုယ့်ရဲ့ အိပ်ရာခင်းလေးပေါ်မှာ အလွယ်တကူ လူတိုင်း လုပ်နိုင်တဲ့ ရောဂလေ့ကျင့်ခန်းလေး ပါရှင်။

ဒီတစ်ခါမှာတော့  လေ့ကျင့်ခန်းငါးမျိုးကို ပြောပြပေးသွားပါမယ်။


နံပါတ် ၁ ။ Upside-Down Relaxation (လေ့ကျင့်ခန်းအတွက် ကြာချိန်က သုည မိနစ်ကနေ နှစ် မိနစ်ပါ)
- နံရံနဲ့ ၆ လက်မ အကွာအဝေးမှာ နံရံကို မျက်နှာမူ၍ ထိုင်ပါ။
- နောက်ပြန် လှဲချပြီး နံရံပေါ်သို့ ခြေထောက်များကို ဆန့်တန်းလိုက်ပါ။
- အကြောတွေ အရမ်းတင်းနေရင် နံရံကနေ အတန်ငယ်ဝေးတဲ့အထိ ရွှေ့ပြီး လုပ်ပါ။
- ၆ လက်မအကွာအဝေးထက် ပိုပြီး နီးနီးကပ်ကပ်မှာလည်း လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။
- သင့်ရဲ့ လက်တွေကို ဘေးမှာ ချထားပြီး လက်ဖ၀ါးကို ပက်လက်အနေအထားအတိုင်းနဲ့ အသက်ကို ဖြေးညှင်းစွာ ရှုပါ။ သင့်ခြေထောက်ရဲ့ နောက်ကျောဆီက ဆွဲအားတွေကိုလည်း ခံစားသိရှိပါစေ။


နံပါတ် ၂ ။ Winding Down Twist (လေ့ကျင့်ခန်းအတွက် ကြာချိန်က နှစ် မိနစ်ကနေ သုံး မိနစ်ပါ)
- အိပ်ရာပေါ်မှာ တင်ပျဉ်ခွေ ထိုင်ပြီး သင့်ရဲ့ ညာလက်က ဘယ်ဘက်ဒူးပေါ်မှာ တင်၊ ဘယ်လက်က သင့်ကျောရိုးရဲ့ အနောက်ဘက်မှာ ထားလျက် အသက်ရှုထုတ် ပုံမှန် လုပ်ပေးပါ။
- သင်ရဲ့ ရင်ပိုင်းသက်သက်ကိုပဲ ဖြည်းဖြည်း ရစ်ပတ်ပေးပါ။
- မျက်လုံးအကြည့်ကိုလည်း သင့်ရဲ့ ဘယ်ဘက်ပခုံးအပေါ်က ကျော်ကြည့်ပါ။ အသက်ကိုလည်း ပြင်းပြင်းရှုပါ။ ပြီးရင် ကိုယ်ကို အလယ်ပြန်တည့်ပြီး တခြားတစ်ဖက်ကိုလည်း ထိုအတိုင်း လုပ်ပေးပါ။


နံပါတ် ၃ ။ Nighttime Goddess Stretch (လေ့ကျင့်ခန်းအတွက် ကြာချိန်က သုံး မိနစ်ကနေ ငါး မိနစ်ပါ)
- ဒူးကို ကွေး၍ အနောက်ဘက်သို့ လှဲချလိုက်ပါ။
- ခြေဖ၀ါးနှစ်ဖက်ကို ပူးထားပြီး ပုံတွင် ပြထားသောအနေအထားအတိုင်း ဒူးနှစ်ဖက်ကို ထားပေးပါ။
- သင့်ရဲ့ လက်များကို အိပ်ရာပေါ်မှာ သက်တောင့်သက်သာ ချထားပါ။
- ယင်းအနေအထားမှာ အားစိုက်နေရတယ်လို့ ခံစားမိရင် ဒူးတစ်ဖက်စီရဲ့ အောက်ဖက်မှာ ခေါင်းအုံးခံပြီး ခြေထောက်ကို မြှင့်ထားနိုင်ပါတယ်။


နံပါတ် ၄ ။ Child's Pose (လေ့ကျင့်ခန်းအတွက် ကြာချိန်က ငါး မိနစ်ကနေ ခုနစ် မိနစ်ပါ)
- သင့်ရဲ့ ခြေဖနောင့်ပေါ်မှာ သက်တောင့်သက်သာရှိစွာ ထိုင်ချလိုက်ပါ။
-  အိပ်ရာပေါ်မှာ နားနေရန် သင့်ရဲ့ နဖူးကိုပါ တစ်ပါတည်း ရင်အထက်ပိုင်းနဲ့အတူ အရှေ့ဖက်သို့ လှဲချလိုက်ပါ။
- သင်တတ်နိုင်သလောက် ဒူးခေါင်းနဲ့ နီးကပ်အောင် ရင်ဘတ်ကို နှိမ့်ချပြီး လက်မောင်းများကိုလည်း အရှေ့သို့ ဆန့်ထုတ်ထားပေးပါ။


နံပါတ် ၅ ။ Rock-a-Bye Roll (လေ့ကျင့်ခန်းအတွက် ကြာချိန်က ခုနစ် မိနစ်ကနေ ရှစ် မိနစ်ပါ)
- နောက်ကျောဘက်မှာ လဲလျောင်းပြီး ဒူးများကို ရင်ဘတ်ဆီသို့ ပိုက်ထွေးထားပါ။
- ခြေချင်းဝတ်များကို တစ်ခုနဲ့တစ်ခု ယှက်ထားပြီး ညှိ့သကျည်းနားမှာ တင်းတင်းဆုပ်ကိုင်ထားသော လက်များနှင့် ထုပ်ထားပါ။
- ထိုင်တဲ့ အနေအထားအဖြစ်သို့ ကိုယ်ကို မတ်တဲ့ အချိန်မှာ အသက်ရှုသွင်းပြီး အနောက်ဘက်သို့ ပြန်လှဲချချိန်မှာ အသက်ရှုထုတ်ပေးပါ။
- ၁ မိနစ်လောက် ဆက်လုပ်ပြီး အိပ်ရာပေါ်သို့ လှဲချ၍ လက်မောင်းနှင့် ခြေထောက်များကို ဆန့်ထုတ်ပါ။ ထို့နောက် နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါပြီရှင်။ 

ဒီလေ့ကျင့်ခန်းလေးကို မြတ်က Pinterest ကနေတွေ့လို့ အားလုံးကို မျှဝေပေးလိုက်ပါတယ်ရှင်။ အိပ်ရာပေါ်မှာပဲ အလွယ်တကူ လုပ်နိုင်တာကြောင့် အပန်းမကြီးဘူးဆိုရင် လုပ်စေချင်ပါတယ်။ တစ်နေကုန် အလုပ်မှာ အထိုင်များသူတွေအတွက် သွေးလည်ပတ်မှုကောင်းအောင် အကြောတွေ ပြေလျော့အောင် လုပ်ကို လုပ်သင့်ပါတယ်ရှင်။ မြတ်လည်း ဒီရက်ပိုင်းမှ စလုပ်ဖြစ်တာပါ။ လုပ်ပြီးရင်တော့ တန်းအိပ်ဖို့သာ ပြင်ထားပါ။ လူက သက်တောင့်သက်သာ ဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပါ။ 

စာဖတ်သူများကို ကျေးဇူးတင်ပါတယ်ရှင့် 

4 comments:

Lorem Ipsum said...

လာလည်ပါတယ်ရှင့်

ချစ်ခင်လျက်
ဆုမြတ်

Ashley Myat said...

ဆုမြတ်ရေ အလည်ရောက်လာလို့ ကျေးဇူးတင်ပါတယ်ရှင့် ◕‿◕

Mrs. Bagel said...

လုပ်ရမယ် :)

Ashley Myat said...

ဟုတ် အစ်မမြတ်ကြည်
အချိန်လည်း သိပ်ပေးစရာမလိုလို့ အလွယ်တကူ လုပ်နိုင်မှာပါ (๑・ิټ・ิ๑)

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon