Sunday, October 19, 2014

Visit To Gardens By The Bay

ဒီပို့စ်လေးကတော့ အကြွေးဆပ်တဲ့ ပိုစ့်ပါရှင်။ တင်မယ်လို့ ပြောထားတာ ကြာနေပြီ။ ထပ်ပြီး ကြာနေရင် ကတိမတည်ဘူး ဖြစ်တော့မှာစိုးလို့ တင်လိုက်ပါပြီညှော် (နော် :D)

Local resident တွေ အတွက်ကတော့ Cloud Forest + Flower Dome နှစ်ခုပေါင်း ၀င်ကြေးက S$20 ကျပါတယ်။ Standard Admission (Visitor) တွေကတော့ S$28 ကျပါတယ်ရှင်။

မြတ်သွားတာ သိပ်တော့ နေရာမစုံလိုက်ဘူး။ ညဘက်သွားရင်လည်း တစ်မျိုးလှတယ်။ မြတ်သွားတုန်းကတော့ နေ့လည်ခင်းလောက်ပေါ့။ အဲ့တော့ နည်းနည်း ပင်ပန်းတယ်။

ဒီရေတံခွန်က Cloud Forest ထဲမှာ ရှိတာပါ


သစ်ခွတွေနဲ့ ဆူးပင်တွေက Flower Dome ထဲမှာပါ


ဘူလဲ မသိဘူးနော် :P


OCBC Skyway By Gardens By The Bay
မြတ် အဲ့နေရာကို မ၀င်ဖြစ်လိုက်ဘူးလေ။ သူကတော့ ၀င်ကြေး S$5 ကျပ် သက်သက်ထပ်ပေးရတယ်။ ညဘက်သွားရင် ပိုကောင်းတယ်။ လူလည်း သိပ်မပင်ပန်းဘူး။ မီးရောင်စုံလေးတွေနဲ့ ထွန်းထားတော့ တစ်မျိုးလှတယ်။

ပုံလေးတွေ နည်းသွားတာကိုတော့ စိတ်မရှိပါနဲ့နော်။ မြတ်က ဖုန်းနဲ့ပဲ ရိုက်တာဆိုတော့ အများကြီးလည်း မရိုက်ဖြစ်လို့ပါရှင့်။ အကြွေးမရှိတော့ဘူးနော် ❁´◡`❁

မပြန်ခင်လေး အမောပြေ ဖရဲသီး စားသွားပါဦးရှင့်

0 comments:

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon