Sunday, October 26, 2014

October Favorites

ဒီပိုစ့်လေးကတော့ အစ်မမြတ်ကြည်ကို ချစ်ခင်သောအားဖြင့် Challenge အတွက် ရည်ရွယ်ပြီး ရေးပေးထားတာပါ။ အကြောင်းအရာကတော့ သိပ်တော့များများစားစား ရှိမှာ မဟုတ်ဘူးရှင့်။ ဘာလို့လဲဆိုတော့ အောက်တိုဘာလထဲမှာပဲ အကျုံးဝင်တဲ့ မြတ်ရဲ့ ၀ယ်ဖြစ်တဲ့ ဖန်စီပစ္စည်းလေးနဲ့ လုပ်ဖြစ်တဲ့ အရာလေးတွေကိုပဲ ပြောပြမှာမို့လို့ပါ။

အောက်တိုဘာလထဲမှာ ထိထိရောက်ရောက်စလုပ်ဖြစ်တာက ရောဂကျင့်စဉ်လေးပါ။ ဟိုတစ်လောက မြတ်တင်ထားတဲ့ ညအိပ်ရာဝင်ခါနီး ရောဂလေ့ကျင့်ခန်းအပြင် ခါးသေးဖို့အတွက်ရောဂလေ့ကျင့်ခန်း၊ မြတ်တို့လို အခုမှ ရောဂကိုစလုပ်တဲ့ Beginners တွေအတွက် ပုံစံ ၁၁ မျိုး အဲ့ဒါတွေကိုတော့ အချိန်ရရင် ရသလို ကြိုးစားလုပ်နေပါတယ်။ မြတ်ရဲ့ pinterest မှာ ရှိတာတွေကတော့ မြတ်လုပ်နိုင်မယ် ထင်တာလေးတွေကို တင်ထားတာပါ။

မြတ်တို့ ကုမ္ပဏီက သူဌေးမ ပေးထားတာ ကြာနေပြီဖြစ်သော မသောက်ဖြစ်သေးတဲ့ Fruit Juice အထုပ်တွေကို စသောက်ဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့ နည်းနည်းများတယ်။ မြတ်သိသလောက်ကတော့ ရေ၊ Dark Sweet Cherry၊ Blueberry၊ စပျစ်သီး၊ Aloe Vera နဲ့ Green Tea တို့ပါဝင်ပါတယ်။ ဘူးတစ်ဘူးထဲမှာ အထုပ် ၃၀ လောက်ပါတယ်။ တစ်နေ့ကို ၁ ထုပ် သို့မဟုတ် ၂ ထုပ် သောက်နိုင်ပါတယ်ရှင်။
မြတ်သောက်ကြည့်တော့ တော်တော်လေးချိုတယ်။ မဆိုးပါဘူး သောက်လို့ကောင်းတယ်။ ဒါကုန်ရင်တော့ ထပ်ဝယ်ဖြစ်မှာမဟုတ်ဘူး။ ဈေးကြီးလို့ :D
စိတ်ဝင်စားသူများအတွက် ၀ယ်ယူနိုင်သော လင့်ခ်လေး ပါ။

မြတ်က ခေါင်းစည်းကြိုးဆိုရင် Lovisa ကနေ၀ယ်ဖြစ်တာများတယ်။  ဒီနှစ်ခုကတော့ ၀ယ်ထားတာ မကြာသေးဘူး။ နက်ပြာပန်းပွင့်လေးက headband၊ အဖြူရောင်ပန်းပွင့်က ခေါင်းစည်းကြိုးလေး။ Headband ကို အရင်က ပန်လေ့ပန်ထမရှိဘူး။ အဲဒါကလည်း အောက်တိုဘာလထဲမှာ စိတ်ကူးရလို့လုပ်တဲ့ အရာတစ်ခုပဲ။ :)
မြတ်ရဲ့ October Favorites က ဒီလောက်ပါပဲရှင်။ အစ်မမြတ်ကြည်လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်နော် :D။ ဟုတ်ကဲ့ ပိုစ့်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ရှင်။
နောက်တစ်ပတ်မှာလည်း ပြန်လည်ဆုံတွေ့ကြမယ်နော် (ဟိ.. Presenter လေသံနဲ့) :P

ညမအိပ်ခင် သစ်သီးစားတတ်သူများအတွက် ကီဝီ၊ လိမ္မော်သီးနဲ့ စတော်ဘယ်ရီစားသွားပါဦးရှင့်
 
အယ် မေ့တော့မလို့ မြတ်လည်း Challenge ပြန်ခေါ်ပါရစေနော်။ မြတ်(Ash) ကို ခင်ရင် ရေးပေးပါဦးရှင့်။ မိမိကြိုက်နှစ်သက်ရာပိုစ့်ကို ရေးနိုင်ပါတယ်ရှင်။
အစ်မမြတ်ကြည်
အသူ
ဆုမြတ်မိုး
အစ်မမိုးညချမ်း

Good Night (。♥‿♥。)
 

8 comments:

Thu said...

မြတ်ကြည့်ပို့စ်နဲ့ပေါင်းရေးပေးမယ်နော်။

Ashley Myat said...

ဟုတ် အဲ့လို ရေးပေးမယ်ဆိုလည်း အဆင်ပြေပါတယ် အသူ :)

Cameron said...

အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီမလေး ...အစ်မလဲ လင့်ပြန်ချိပ်ထားပါတယ်...။ ညီမဘလော့လေးကိုလည်း သဘောကျတယ် အစ်မလဲ အိမ်မှာ နေ့တိုင်းယိုဂကစားဖြစ်တယ်..။ ညီမဘလော့လေးက Candy နဲ့ခပ်ဆင်ဆင်လေး သဘောကျမိပါတယ်း)

Ashley Myat said...

ဟုတ်ကဲ့ မြတ်ကလည်း မမ မိုးငွေ့ကို ကျေးဇူးတင်ပါတယ်ရှင်
ဆိုဒ်လေးကို လင့်ပြန်ချိတ်တာရော မြတ်ဆီကို လာလည်တဲ့အတွက်ရော ...
မမရဲ့ Yoga လေ့ကျင့်ခန်းလေးတွေကိုလည်း အားရင် ပြန်ရှယ်ပေးပါဦးနော် :)

Mrs. Bagel said...

ကျေးဇူး ညလေး။ မွမွ။ Yoga က စိတ်ဝင်စားပေမယ့် တစ်ခါမှတော့ မလုပ်ကြည့်ဖူးဘူး။ ခေါင်းစည်းလေး လှတယ်။ :)

Lorem Ipsum said...

အကြွေးပေါင်းဆပ်ထားတယ် ညီမလေးး)

Ashley Myat said...

အစ်မမြတ်ကြည် >> ကျေးဇူးနော် :)

Ashley Myat said...

ဆုမြတ်မိုး >> ဟုတ် အစ်မဆုမြတ် ရေးပေးလို့ ကျေးဇူးပါရှင့် :)

Post a Comment

 

My Paradise - Flowers In A Heaven Published @ 2014 by Ipietoon